DVB Logo
Home
မြန်မာသတင်း
Biman လေယာဉ်မတော်တဆမှု စစ်ဆေးရန် Black Box ကို သြစတြေးလျသို့ ပို့ဆောင်မည်
DVB
·
May 27, 2019
Biman လေယာဉ်မတော်တဆမှု စစ်ဆေးရန် Black Box ကို သြစတြေးလျသို့ ပို့ဆောင်မည်
Donate to DVB

ရန်ကုန်လေဆိပ်မှာ မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့တဲ့ Biman လေယာဉ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့အတွက်  Black Box ကို သြစတြေးလျနိုင်ငံကို ပို့ဆောင်သွားမယ်လို့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်က ဦးရဲထွဋ်အောင်က  ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင် Biman လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ခရီးစဉ်အမှတ်  BG- 060၊ ဒါကာမြို့ကနေ ရန်ကုန်ကို ပျံသန်းလာစဉ် ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၇ နာရီလောက်က ရန်ကုန်လေဆိပ်ကိုအဆင်း မိုးသည်းထန်စွာရွာသွန်းလို့  လေဆိပ် Cargo Terminal အနီးမှာ ပြေးလမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးကာ ကိုယ်ထည် တွန့်ခေါက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ လေယာဉ်မတော်တဆမှု ဖြစ်စဉ်ကို ရန်ကုန်လေဆိပ်စစ်ဆေးရေး တာဝန်ရှိသူတွေနဲ့ Biman လေကြောင်းလိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေ တာဖြစ်ပါတယ်။

ဘာကြောင့် အခုလို မတော်တဆဖြစ်ခဲ့တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် လေယာဉ်မှာ ပါရှိတဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ Black Box နှစ်ခုကို သြစတြေးလျနိုင်ငံကို ပို့ဆောင်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာလို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန  ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည် စုစုပေါင်း  ၃၅ ယောက်လိုက်ရာမှာ ခရီးသည် ၁၇ ဦးနဲ့ လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၁၉ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

Biman လေကြောင်းလိုင်းဟာ ၁၉၈၀ ခုနှစ်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လေယာဉ်ပြေးဆွဲဖို့ စာချုပ်ချုပ်ဆိုထားပြီးနောက်ပိုင်းမှာ  ၅နှစ်လောက် ပြေးဆွဲပြီး ရပ်နားထားရာက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ ပုံမှန် ပြန်လည် ပြေးဆွဲခဲ့တာပါ။

လေယာဉ်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း နေ့စဉ်ပုံမှန်ပြန်လည်ပြေးဆွဲနေ ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်တွင်း လေကြောင်းလိုင်းတွေ အပြင် နိုင်ငံတကာလေကြောင်းလိုင်း ၃၀ က နေ့စဉ် ခရီးစဉ် ၁၅၀ ကို ပြေးဆွဲနေပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013