DVB Logo
Home
မြန်မာသတင်း
နယ်တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမပေးနိုင်သေး
DVB
·
May 27, 2019
နယ်တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမပေးနိုင်သေး
Donate to DVB

ကျွမ်းကျင်ပညာရှင် မလုံလောက်လို့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်ကလွဲပြီး  တခြားတက္ကသိုလ်တွေမှာ သင်ကြား မပေးနိုင်သေးဘူးလို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းကပြောပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ရဲ့ သင်ရိုးတွေဟာ ခက်ခဲပြီး ဘာသာရပ်ကျွမ်းကျင်ပညာရှင်တွေ ထွက်ပေါ်လာစေရေးအတွက် သင်ကြားပြသပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေ ပြည့်ဝဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မေလ ၂၇ ရက် အမျိုးသားလွှတ်တော်အစည်းဝေးမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တို့အပြင် အခြားဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်အချို့မှာ နိုင်ငံရေးသိပ္ပံပညာကို အထူးပြု ဘာသာအဖြစ် သင်ကြားပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသွားတာပါ။

"အခြားတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အထူးပြုဘာသာရပ်အဖြစ် ဖွင့်လှစ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်က ကျွမ်းကျင်ပညာရှင် အလုံအလောက် မရှိသေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ခက်ခဲနက်နဲတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာပဲ ဖွင့်လှစ်ထားရှိပြီး နိုင်ငံရေးသိပ္ပံ ပညာရှင်တွေ၊ သင်ကြားရေး ဆရာ၊ ဆရာမတွေ အလုံအလောက် မွေးထုတ်ပြီးမှသာ ဆက်လက် တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်လို့ လတ်တလောအခြေအနေမှာ အခြား ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် အချို့မှာ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါဘူး" လို့ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

သင်ကြားရေးမှာ ထိရောက်နိုင်စေဖို့ နိုင်ငံတကာဆက်ဆံရေး ပညာဌာနက ဆရာ၊ ဆရာမတွေကို ကျွမ်းကျင် ပညာရှင်ဖြစ်လာအောင် နိုင်ငံတကာတက္ကသိုလ်တွေကို သင်တန်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၃-၁၄ ပညာသင်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုဘာသာရပ်အဖြစ် စတင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013