DVB Logo
Home
မြန်မာသတင်း
ခေါင်းဖြတ်လူသတ်မှုဖြင့် သေဒဏ်ကျနေသူ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်သည့်သတင်း မဟုတ်မှန်
DVB
·
May 27, 2019
ခေါင်းဖြတ်လူသတ်မှုဖြင့် သေဒဏ်ကျနေသူ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်သည့်သတင်း မဟုတ်မှန်
Donate to DVB

ခေါင်းဖြတ်လူသတ်ခဲ့တာကြောင့် သေဒဏ်ကျခံနေရတဲ့သူတဦး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်တာတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှား ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်က ရန်ကင်းမြို့နယ်မှာ လူတယောက်ကို ဓားရှည်နဲ့ ခုတ်သတ်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံနေရတဲ့ ချစ်ပို (ခ) ဝေယံဖြိုးဟာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ် လာတာကြောင့် ရပ်ကွက်သားတွေ ကြောက်ရွံ့နေကြတယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသား ဖော်ပြနေကြသလို ဒီကိစ္စကြောင့် အကျဉ်းဦးစီးဌာနရဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆိုပြီး ရေးသားဖြန့်ဝေနေကြတာပါ။

ဒါဟာ သတင်းမှားဖြစ်ပြီး ချစ်ပိုဟာ အခုထိ မလွတ်မြောက်သေးဘူးဆိုတာနဲ့ အကျဉ်းထောင်တခု အကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက အတည်ပြုပါတယ်။

ဒီလို သတင်းမှားတွေ ဖြန့်ဝေတာဟာ ထောင်တွင်းဆူပူအောင်လုပ်နေတာဖြစ်ပြီး သတင်းမှားတွေကို ဆက်ဖြန့်နေမယ်ဆိုရင်တော့ တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013