DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ဆုံးရပ်စဲရေး သံရုံး ၉ ခု ပန်ကြား
DVB
·
November 12, 2012
ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ဆုံးရပ်စဲရေး သံရုံး ၉ ခု ပန်ကြား
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်စဲအောင် သက်ဆိုင်သူတွေ အားလုံး လက်တွဲဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံမှာ အခြေပြုတဲ့ သံရုံး ၉ ရုံးက ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဩစတြေးလျ၊ အီဂျစ်၊ ဂျပန်နဲ့  တူရကီသံရုံးတွေက ပူးတွဲတောင်းဆိုလိုက်တာပါ။

လုံခြုံအေးချမ်း တည်ငြိမ်မှု ပြန်ရဖို့အတွက် မြန်မာအစိုးရက နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်နေတာကို  ထောက်ခံအားပေးတဲ့အကြောင်းနဲ့ အဲသလို တရားဥပဒေစိုးမိုးရေးနှင့်အညီ ဆောင်ရွက်ရာမှာ တာဝန်ခံမှုနဲ့ ထင်သာမြင်သာရှိမှု အပြည့်အ၀ရှိဖို့လည်း လိုအပ်တယ်လို့ နိုဝင်ဘာ ၉ ရက်ရက်စွဲနဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ရခိုင်အရေးအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းထားတာကို  ကြိုဆိုထား ပေမယ့်  အကြမ်းဖက်မှုဖြစ်ရတဲ့ အရင်းခံအကြောင်းတရားတွေကို  ဖော်ထုတ်နိုင်အောင်နဲ့ နောက်ထပ် မဖြစ်အောင် တားဆီးနိုင်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ခွင့်ပေးဖို့ လိုအပ်တယ်လို့ အစိုးရကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ နောက်ဆုံးထပ်ဖြစ်ခဲ့တဲ့   အကြမ်းဖက်မှုတွေဟာ အပြစ်မဲ့ပြည်သူ တွေရဲ့ အသက်တွေဆုံးရှုံးခဲ့ရသလို ထောင်ပေါင်းများစွာသော အိုးအိမ်တွေ  ပျက်စီးဆုံးရှုံးစေခဲ့တဲ့အတွက် အလွန်တရာ စိတ်ထိခိုက်ရတယ်လို့လည်း ထုတ်ပြန်ချက်ရဲ့အစမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်သူတွေလိုအပ်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့တွေ လုံခြုံစိတ်ချစွာ အချိန်မီရောက်ဖို့အတွက် အစိုးရက ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင်ဒေသမှာ အရေးပေါ်လိုအပ်တဲ့ လူသားချင်းစာနာတဲ့အကူအညီတွေနဲ့ ရေရှည် ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ကူညီရန် အဆင်သင့် ရှိနေသလို မိမိတို့နိုင်ငံတွေကလည်း ထိထိရောက်ရောက် ကူညီသွားနိုင်ဖို့  အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ပါရှိပါတယ်။

မြန်မာပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့  လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးနဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီအပြောင်းအလဲ လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အားပေးထောက်ခံသွားမယ်လို့ဆိုပါတယ်။ ရခိုင်ပြည်အရေးမှာသာမကဘဲ တနိုင်ငံလုံးရဲ့ ရည်မှန်းချက် ပြည့်ဝရေးအတွက်ပါ ဆက်ကူညီသွားဖို့ အသင့်ရှိတယ်လို့ ပူးတွဲကြေညာချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013