DVB Logo
Home
မြန်မာသတင်း
ဓီရာမိုရ်၏ “အိမ်”သီချင်းကို သရုပ်ဖော်သီဆိုခဲ့ကြသည့် နီနီခင်ဇော်နှင့် The Voice Myanmar အဖွဲ့(ရုပ်သံ)
DVB
·
May 27, 2019
ဓီရာမိုရ်၏ “အိမ်”သီချင်းကို သရုပ်ဖော်သီဆိုခဲ့ကြသည့် နီနီခင်ဇော်နှင့် The Voice Myanmar  အဖွဲ့(ရုပ်သံ)
Donate to DVB

“ကမ္ဘာမြေမှာခိုလှုံရာခေါ်ဆိုခဲ့အိမ်… ရံရွေလယ်ထည်ဝါစွာဆင်စွယ်နန်းအိမ်… ကျူ ထရံတွေ ကာရံကာဓနိမိုးအိမ်… နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တေးရေးတေးဆို အကယ်ဒမီ ဓီရာမိုရ်ရဲ့ နာမည်ကြီးသီချင်း အိမ်ထဲက သီချင်းစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

မိသားစုချစ်ခြင်းမေတ္တာက အစပြုလို့ နွေးထွေးမှုနဲ့ တည်ဆောက်ရမယ့် ငြိမ်းချမ်း တဲ့ ကမ္ဘာမြေအတွက်သီချင်းတပုဒ်အဖြစ် ရေးဖွဲ့ထားတဲ့ ဒီသီချင်းကိုတော့ ဒီတခါမှာထူး ခြားတဲ့ တင်ဆက်မှုပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

“အိမ်တစ်အိမ်မှာမှီတည်ရာ ဘာသာတရားတွေ… ကမ္ဘာမြေကိုဖြူစင်စွာ အကြင် နာမျှဝေ… ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ… ဆည်းလည်းသံလှိုက်ခတ်စေ ဒီချစ် ခြင်းတွေ”

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာဟာ Blind Audition ၊ Battle Round ၊ KnockOut Round နဲ့ Liveshow အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

LiveShow အဆင့် ပြိုင်ပွဲမှာတော့ Coach တခုစီက အဖွဲ့ဝင် ၄ ဦးက သီချင်းတ ပုဒ်စီနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပရိသတ်ကပေးတဲ့ Voting အများဆုံးပြိုင်ပွဲဝင်နဲ့ ကျန်သုံးဦး ထဲက Coach က ရွေးချယ်တဲ့ ပြိုင်ပွဲဝင် ၂ ဦးကသာ နောက်တဆင့်ကို တက်ရောက်နိုင် မှာ ဖြစ်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ပထမသီတင်းပတ် LiveShow အဆင့်ပြိုင်ပွဲမှာတော့ Coach နီနီခင်ဇော်နဲ့ ကျားပေါက်တို့ရဲ့ အဖွဲ့ ၂ ဖွဲ့က တင်ဆက်ဖျော်ဖြေပြီး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ် ပါတယ်။

ခုဖော်ပြပေးလိုက်တဲ့ သီချင်းကတော့ ပြိုင်ပွဲမစခင် နီနီခင်ဇော်နဲ့ အဖွဲ့ရဲ့ အိမ်သီ ချင်းနဲ့ သရုပ်ပြဖျော်ဖြေမှုဖြစ်ပါတယ်။

“ကလေးလေးတွေ နွေးထွေးဖို့လေ… ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြ မယ်လေ… မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ…ကမ္ဘာမြေမှာညင်သာစွာစီးဆင်းဖို့လေ”

နီနီခင်ဇော်အပါအ၀င် ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်တဲ့ A ဒေး၊ Hazel ၊ Nicholas Pasangma နဲ့ Twins Star တို့ဟာ အဖြူရောင်ဝတ်စုံတွေကိုသာ ၀တ်ဆင်ထားခဲ့ကြပြီး သီချင်းနဲ့ လိုက်ဖက်ညီညီ သရုပ်ဖော်တင်ဆက်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

“အိမ်အပြင်မှာဝါပင်တွေ ကိုယ်တိုင်စိုက်မယ်… ကိုယ်တိုင်ထွန်ဝါချည်မျှင် ဖျင်တ ဘက်ရယ်… အိမ်အပြင်မှာ ကိုယ်တိုင်ထွန်ကိုယ်တိုင်စိုက်တဲ့… စပါးရိတ်ချိန်ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်”

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေပြီး အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ စတဲ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ် ရှိတာကို တွေ့ရပါတယ်။

“ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်… လာပါကွယ် အိမ်အပြင်မှာ ဂစ် တာတီးမယ်… ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်… ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ ကမယ်… ရင်ခွင်မှာရှင်သန်ရာခိုမှီရာအိမ်တစ်အိမ်ကို…  ကမ္ဘာမြေမှာ တည်ဆောက်ကြ မယ်… အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ… ဒဏ္ဍာရီ ရာဇ ဝင်လိုဝိညာဉ်အိမ် စိန်စီရာရတနာခြယ်သိင်္ဂါရီအိမ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013