DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြ
DVB
·
May 27, 2019
ဘားအံတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြ
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ကလေး အကျဉ်းဦးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက်  ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေ ၂၆ ရက် မနက်က ၈၈ ကရင်မျိုး ဆက်ကျောင်းသားများလူမှုဖွံ့ဖြိုးရေး အသင်းက ဦးဆောင်ပြီး လယ်သမားတွေ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဘားအံမြို့ အာဇာနည်ကျောက်တိုင်ရှေ့ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စီတန်းလှည့်လည်ပြီး  “မတရားသိမ်းသူ ဒို့ရန်သူ”၊ “ဒို့လယ်မြေ ဒို့လုပ်ကိုင်ခွင့်ရရှိရေး ဒို့အရေး”၊ “သမ္မတညွှန်ကြားချက်အတိုင်း လိုက်ပါ ဆောင်ရွက်ပေးရေး ဒို့အရေး”၊ “သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး” စတဲ့ကြွေးကြော်သံတွေနဲ့ လူဦးရေ ၅၀ ဦးခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

၈၈ ကရင်မျိုးဆက်ကျောင်းသားများလူမှုဖွံ့ဖြိုးရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစောမောင်ကြီးက “လယ်သမားတွေမစိုက်ပျိုးနိုင်ဘူးဆိုပြီးတော့ သူတို့ကလယ်သမားတွေကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ သူတို့အကျဉ်းသားတွေနဲ့ ၀င်ရောက်ထွန်းယက်ပြီးတော့ သိမ်းဆည်းခဲ့တာ။  အဲဒီတုန်းက မပြောရဲမဆိုရဲတဲ့အတွက် မတားမြစ်နိုင်ခဲ့ဘူး”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ ခန့်ကတည်းက တောင်ကလေးအကျဉ်းဦးစီးဌာနက လယ်သမား ၁၅ ဦးရဲ့ လယ်မြေ ၅၂ ဧကကို သိမ်းဆည်းခဲ့တာပါ။

သိမ်းဆည်းထားတဲ့လယ်မြေတွေဟာ မူလလယ်ပိုင်ရှင်တွေရဲ့အမည်နဲ့ ပုံစံ ၇ လုပ်ပိုင်ခွင့် စာအုပ် တရားဝင်ထုတ်ပေးပြီးမှ ပြန်လည်သိမ်းဆည်းခဲ့သလို မူလပိုင်ရှင်တွေရဲ့ အမည်နဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ မြေခွန်ပြေစာတွေ ထွက်ရှိခဲ့ပါတယ်။

ဘားအံမြို့နယ်၊ ရဲသာကျေးရွာ ဒေါ်မြသွင်က“သူတို့ ဘယ်သူမှ မတိုင်ပင်ပဲနဲ့ စပြီးသိမ်းလိုက်တာ ၂၀၁၀ လား။ ၂၀၁၁ လား။ အဘွားကတော့ အကုန်လုံးမရထားဘူးလေ။”လို့ ပြောပါတယ်။

တောင်ကလေးအကျဉ်းဦးစီးဌာနက သိမ်းဆည်းထားတဲ့ ရဲသာကျေးရွာအုပ်စု၊ ကမောကစင့် အနောက်ကွင်းက လယ်ယာမြေ ၅၂ ဧကကို ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို အကြိမ်ကြိမ်တင်ပြတိုင်ကြားခဲ့ပေမယ့် ယနေ့တိုင် ပြန်လည်မရှိသေးတဲ့လို့  စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013