DVB Logo
Home
မြန်မာသတင်း
ပဲနွယ်ကုန်းတွင် သွားနှင့်ခံတွင်း လူနာ ၅၆၀ ကျော်ကို အခမဲ့ကုသပေး
DVB
·
May 26, 2019
ပဲနွယ်ကုန်းတွင် သွားနှင့်ခံတွင်း လူနာ ၅၆၀ ကျော်ကို အခမဲ့ကုသပေး
1 / 5
Donate to DVB

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ တောရကြီးကျောင်းတိုက်မှာ သွားနှင့်ခံတွင်း ကျန်းမာရေး လူနာ ၅၆၁ ဦးကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပြီး အသိပညာပေး ဟောပြောခဲ့ပါတယ်။

ပဲနွယ်ကုန်း အသင်း (ရန်ကုန်) နဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ဖောင်ဒေးရှင်းတို့က ပူးပေါင်းပြီး မေ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွေ အခမဲ့ကုသပေးခဲ့တာပါ။

''ကျနော်တို့က နယ်တွေအထိ ကွင်းဆင်းပြီး သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးခြင်း၊ အခမဲ့ကုသပေးခြင်း ကမ္ဘာ့ကျန်းမာရေးပုံစံ WHO ဖောင်ပုံစံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး စစ်တမ်းကောက်ခြင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အခမဲ့ဝေပေးခြင်း စတဲ့ လုပ်ငန်းတွေကို ဒေသခံ ပရဟိတ အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်''လို့ သွားနှင့်ခံတွင်း ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ  ဒေါက်တာဦးအောင်သန်းက ပြောပါတယ်။

အခုပွဲကို ဦးဆောင်ကျင်းပကုသပေးတဲ့ ပဲနွယ်ကုန်းအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်သန်းက ''သွားနဲ့ခံတွင်းက သိပ်အရေးကြီးပါတယ်။ ကျနော်တို့ဆီမှာက ကွမ်းစားများတော့ ကင်ဆာအထိ ဖြစ်လာကြတာများလာပါပြီ။ ဒါကြောင့် ဒီလို အခမဲ့ ကုသပညာပေးဟောပြောတဲ့ NGO တွေနဲ့ ပူးပေါင်းပြီး ကိုယ့်ရပ်ရွာဒေသအတွက် လာရောက် ကူညီဆောင်ရွက်ပေးတာပါ” လို့ ပြောပါတယ်။

သွားနှင့်ခံတွင်း ကျန်းမာရေးဖောင်ဒေးရှင်း (DHCF myanmar) က ၂၀၁၆ ခုနှစ်ကနေ ယနေ့အထိ လူနာပေါင်း ၆၀၀၀ နီးပါး အခမဲ့ ကုသပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013