DVB Logo
Home
Lead Story
ဝိုင်ဘီအက်စ်ကားပေါ်မှာ ကော်ရှူနေတဲ့ကလေးရုပ်သံ ပျံ့နှံ့ (ရုပ်သံ)
DVB
·
May 26, 2019
ဝိုင်ဘီအက်စ်ကားပေါ်မှာ ကော်ရှူနေတဲ့ကလေးရုပ်သံ ပျံ့နှံ့ (ရုပ်သံ)
Donate to DVB

လွန်ခဲ့တဲ့ ၁၄၊ ၅ နှစ်လောက်က ခေတ်စားခဲ့တဲ့ ကော်ရှူတဲ့ အကျင့်ဆိုးက ရန်ကုန်က ကလေးတွေကြားထဲကို ပြန်ရောက်လာပြီလားဆိုတာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗွီဒီယိုက မေးခွန်းထုတ်နေပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ ဝိုင်ဘီအက်စ်ကားပေါ်မှာ လိုက်ပါလာရင်း ကော်ရှူနေတဲ့ ကလေးတယောက်ကို တွေ့ရပါတယ်။

အဲဒီကလေးဟာ အသက် ၁၀ နှစ်ဝန်းကျင်ပဲ ရှိမှာ ဖြစ်ပြီး ကော်ဘူးကို လက်နှစ်ဖက်နဲ့ ဆုပ်ပြီး အားရပါးရရှူနေတာကို တွေ့ရပါတယ်။

သူဟာ သူ့ထက်ကြီးတဲ့ အင်္ကျီဝတ်ထားပြီး ဘတ်စ်ကားရဲ့ ရှေ့ဆုံးက ခုံတန်းမှာ တယောက်တည်း ထိုင်ရင်း ကော်ဘူးကိုရှူနေသလို သူ့မျက်လုံးတွေက မှေးရီနေပါတယ်။

ဗွီဒီယိုကိုကြည့်ရှုသူတွေက ဒီအပေါ်မှာ စိတ်မကောင်းကြောင်း မှတ်ချက်ပေးကြပြီး တယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတင် မြန်မာပလာဇာနားမှာ အုပ်စုလိုက် ကော်ရှူနေတာတွေ့ခဲ့တယ်လို့ ရေးသားထားပါတယ်။

ကော်ရှူတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က လမ်းဘေးကလေးတွေအကြားမှာ ခေတ်စားခဲ့တဲ့ မူးယစ်ဆေးလို သုံးစွဲနည်းတခုဖြစ်ပါတယ်။

ရာဘာကပ်တဲ့ကော်လိုမျိုးကော်ရည်ဘူးတွေကနေ ထွက်လာတဲ့ ရာဘာနဲ့ တင်နာအနံ့ကို ရှူသွင်းလိုက်ရင် ခေါင်းထဲကို စူးကနဲထိုးတက်ပြီး ရီဝေဝေ ခံစားရမှာပါ။

ကော်ရှူရင် ဗိုက်မဆာဘူးလို့လည်း ကော်ရှူတဲ့ ကလေးတွေက ပြောပါတယ်။ ကော်ရှူတဲ့ကလေးတွေက အများအားဖြင့် အသက် ၁၀ နှစ်က ၁၆ နှစ်အကြား လူငယ်လေးတွေ ဖြစ်နေကြပါတယ်။

လူငယ်လူရွယ်တွေအကြား ပျံ့နှံ့ရောက်ရှိနေတဲ့ ကော်ရှူတဲ့ အမူအကျင့်တွေကို အားလုံး ဝိုင်းဝန်းတားဆီးကြရမှာဖြစ်သလို ၀ိုင်းဝန်းတည့်မတ်ပေးဖို့လည်း လိုပါတယ်။
ရုပ်သံ- Chili Phuu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013