DVB Logo
Home
မြန်မာသတင်း
ကွမ်းခြံကုန်းတွင် ရေလှူပရဟိတအဖွဲ့ကားမှန်အား ထုခွဲခဲ့မှု တပ်မတော်အရာရှိ ပြန်တောင်းပန်
DVB
·
May 26, 2019
ကွမ်းခြံကုန်းတွင် ရေလှူပရဟိတအဖွဲ့ကားမှန်အား ထုခွဲခဲ့မှု တပ်မတော်အရာရှိ ပြန်တောင်းပန်
Donate to DVB

မနေ့က ကွမ်းခြံကုန်းမြို့နယ်မှာ ရေလှူဖို့သွားနေတဲ့ မုဒိတာလူမှုပရဟိတအသင်းကားအား တပ်မတော်ဗိုလ်ကြီးတယောက်က ဆဲဆိုပြီး ကားမှန်တွေ ထုခွဲခဲ့တဲ့အပေါ် တပ်အရာရှိတွေက ပြန်လည်တောင်းပန်ခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ မုဒိတာ လူမှုပရဟိအသင်းကားတွေဟာ မနေ့ ညနေက ရွာတရွာကို သောက်ရေလှူဖို့ သွားနေတုန်းလမ်းမှာ တပ်မတော်ကားနဲ့ ဆုံတွေ့ရာကနေ အခုလို မှန်တွေ ရိုက်ခွဲခံရတာပါ။

မုဒိတာအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က “ကျနော်တို့အသင်းက ကား ၂ စီး၊ ရန်ကုန်က အလှူရှင် ကားတစီးတို့နဲ့ ဆယ်အိမ်တန်းရွာကို ရေလှူဖို့သွားနေတာ။ ထန်းပင်ချောင်ကွေ့မှာ သူတို့ (စစ်တပ်ကားအပါအဝင် ကားတချို့) ကို တံတားပေါ်ကနေ လာနေတာတွေ့တော့ ကျနော်တို့ ကားတွေက လမ်းဘေးချပြီး ရပ်ထားလိုက်တယ်။ အဲဒါမှာ စစ်ကားပေါ်က ဗိုလ်ကြီးက ဆင်းလာပြီး ဆဲတယ်။ ဒီလိုရပ်ထားတော့ မလွတ်ဘူးလားဆိုတာ မသိဘူးလားလို့ ပြောပြောပြီး ဆဲတယ်။ ကျောက်ခဲကောက်ပြီးတော့ အသင်းကားမှန်ကို ခွဲတယ်။ ကားပေါ်မှာပါလာတဲ့ ကျနော့်မိန်းမကိုလည်း ရန်ရှာတယ်။ လက်အုပ်ချီတောင်းပန်လိုက်ရတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်ကို ဖုန်းနဲ့ ဗွီဒီယိုရိုက်ဖို့ လုပ်ပေမယ့် ဖုန်းကို လိုက်လုခဲ့တာကြောင့် မရိုက်လိုက်ရဘူး လို့  သူက ပြောပါတယ်။

“သူက တခြားသူတွေကိုလည်း ဆဲတာ။ သူက ယူနီဖောင်းကြီးနဲ့လေ။ မူးတာက တော်တော် မူးနေတယ်။ ကျနော်တို့က တခုခုပြန်လုပ်ရင် ကျနော်တို့ပဲ ပြန်ခံမှာကြောင့် အဲဒီအချိန်မှာ သည်းခံ ခဲ့ရတယ်။ အဲဒီ စစ်ကားပေါ်မှာ တခြားစစ်သားတွေ ပါလာပေမယ့် ဘာမှ ဝင်မပြောခဲ့ဘူး” လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဆဲဆိုခဲ့သူဟာ လက်ခုပ်ကုန်း ခလရ ၁၆ က ဗိုလ်ကြီး သစ်လွင်ဦးဖြစ်ပြီး မနေ့က ညနေမှာပဲ တပ်က အရာရှိတွေက ဖုန်းနဲ့ ဆက်သွယ်ခဲ့သလို ကိုယ်တိုင်လာရောက်ပြီး ညှိနှိုင်း တောင်းပန်ခဲ့ပါတယ်။

ဗိုလ်ကြီး သစ်လွင်ဦး ကိုယ်တိုင် အရပ်ဝတ်နဲ့ အသင်းရုံးကို ဒီနေ့ မေ ၂၆ ရက်မှာ လာရောက်တောင်းပန်ခဲ့ပြီး တပ်စည်းကမ်းနဲ့လည်း အရေးယူမယ်လို့ တပ်မတော်အရာရှိတွေက အသင်းတာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။

တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူ့ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ပါမယ်။ အသေးစိတ် အခြေအနေကတော့ စစ်ပြီးမှ သိရမှာပါ။ မူးယစ်မှုတို့၊ တာဝန်ချိန်မှာ မတင့်မတယ်လုပ်တာ စသည်ဖြင့် စစ်ဆေးရမှာပေါ့။ ပြစ်မှုနဲ့ ပြစ်ဒဏ်ကတော့ စစ်ဆေးပြီးမှပဲ သိရမှာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013