DVB Logo
Home
မြန်မာသတင်း
မလှိုင် သစ်တောကြိုးဝိုင်း ထင်းစိုက်ခင်းအတွင်း ထွန်ယက်သည့် တောင်သူ ၃ ဦးကို အမှုဖွင့်
DVB
·
May 26, 2019
မလှိုင် သစ်တောကြိုးဝိုင်း ထင်းစိုက်ခင်းအတွင်း ထွန်ယက်သည့် တောင်သူ ၃ ဦးကို အမှုဖွင့်
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ရေငံရွာအုပ်စု မယ်ညိုတောင် သစ်တောကြိုးဝိုင်းရှိ ကျေးရွာထင်းစိုက်ခင်း ဧက ၁၀၀ အတွင်း ထယ်ထိုးထွန်ယက်တဲ့ တောင်သူ ၃ ဦးကို စိမ်းစိုဦးစီး ဦးအောင်ဝင်းကျော်က မေ ၂၅ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။

နှောကန်ရဲစခန်း စခန်းမှူးရဲအုပ်အေးမင်းက “ဦးစံဌေးပါ ၃ ဦးကို စိမ်းစိုဦးစီးက တရားလိုလုပ်ပြီး အမှုဖွင့်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကျေးရွာထင်းစိုက်ခင်းလို့ ပြောတယ်။ တောင်သူတွေကလည်း သူတို့မှာ အထောက်အထားရှိတယ်ဆိုတာ ပြောတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

စိမ်းစိုဌာနက စိုက်ပျိုးထားတဲ့ ကျေးရွာထင်းစိုက်ခင်း ဧက ၁၀၀ အတွင်းက ယူကလစ်ပင်၊ ရှားပင်တွေ စိုက်ပျိုးထားတဲ့ ၁၀ ဧကလောက်ကို တောင်သူတွေက သူတို့ပိုင်ဆိုင်တဲ့ ယာမြေဆိုပြီ ဧပြီ ၂၈ ရက်နေ့နဲ့ မေ ၂၀ ရက်နေ့မှာ ထယ်ထိုးထွန်ယက်ခဲ့တဲ့အတွက် ကာလတန်ဖိုး ၄၂ သိန်းကျော် ပျက်စီးသွားတယ်လို့ စိမ်းစိုဦးစီးဌာနက ဆိုပါတယ်။

အမှုဖွင့်ခံရသူ ဦးစံဌေးရဲ့တူ ဦးစောထွန်းဦးက "နှစ်ပေါင်း ၄၀ ကျော်ကြာပြီ ဒီယာမြေတွေပေါ် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတယ်။ ၂၀၀၉-၁၀ တုန်းက လယ်ယာမြေလုပ်ပိုင်ခွင့် လယ်ယာကုန်ထုတ်စာအုပ်ထုတ်ပေးထားတာရှိတယ်။ အခွန်ဆောင် ထားတဲ့ ပြေစာတွေလည်းရှိတယ်။ ၂၀၀၈ သစ်တောမြေကျုး စာရင်းကောက်တုန်းက ဒီမြေတွေ မပါပါဘူး။ တိုင်းဦးစီးလာတုန်းကလည်း ခင်ဗျားတို့ လုပ်စားနေတဲ့ မြေတွေချန်ထားတယ် ပြောတယ်။ အခုကျတော့ သစ်တောမြေထဲ ကျုးကျော်တယ် ဖြစ်လာတယ်။ အခု လုပ်စားနေတဲ့ မြေတွေကို ၂၀၁၆ ခုနှစ်တုန်းက ပုံစံ ၇ ထုတ်ဖို့လုပ်သေးတယ်။ မြေစာရင်းဌာန လုပ်ပိုင်ခွင့်ရမြေ သစ်တောမြေမဟုတ်ဖူးလို့ ပြောကြတယ်။ အဲဒါ ဒီမြေတွေမရှိရင် ဘာမှလုပ်စားလို့မရတော့ဘူး။ ဆန္ဒပြတာမဟုတ်ဘူး နိုင်ငံတော်ပုန်ကန်တာ မဟုတ်ဘူး သူတို့ကျွေးတဲ့ထမင်း စားတော့မယ်ဆိုပြီး မေလ ၂၃ ရက်က မြို့မရဲစခန်းကို အဖမ်းခံသွားကြတယ်။ ဘာပစ္စည်းမှ မဖျက်ဆီးပါဘူး။ ကိုယ့်မြေကို တောင်သူလုပ်စားတာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

မလှိုင်မြို့နယ် ညောင်ပင်သာရွာနေ ဦးစံဌေး၊ ဘဏ္ဍစိုးရွာနေ ဦးဆန်းဝင်း နဲ့ အမည်မသိသေးတဲ့ ထွန်စက်မောင်းသူတို့ ၃ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ နှောကန်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013