DVB Logo
Home
မြန်မာသတင်း
အုန်းချောကျောက်စခန်းတွင် ကျောက်တောင်ပြိုကျ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
May 26, 2019
အုန်းချောကျောက်စခန်းတွင် ကျောက်တောင်ပြိုကျ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောစံပြကျေးရွာ အုန်းချော ဂျပန်လျှို ကျောက်စခန်းမှာ မေ ၂၆ ရက် မနက် ၈ နာရီက ကျောက်တောင်ပြိုကျတာကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာခဲ့တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်းက ပြောပါတယ်။

အုန်းချော ဂျပန်လျှို ကျောက်စခန်းမှာ ကျောက်ထုတ်လုပ်ရေး အလုပ်လုပ်နေစဉ် ကျောက်တောင်ပြိုကျခဲ့တာပါ။

“မနက်က ကျောက်တောင်ပြိုကျတဲ့နေရာမှာ သေဆုံးသွားခဲ့တဲ့ လူနှစ်ဦးနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကို မန္တလေးဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်၊ ကျောက်တောင်ပြိုကျတဲ့နေရာမှ ထော်လာဂျီလည်း ရှိနေသေးတော့ ကျန်နေတာ တစ်ယောက်လား၊ နှစ်ယောက်လား မသိသေးဘူး၊ အဲဒီနေရာကို မိုင်းအသေးစာခွဲပြီး ရှာဖွေမှုတွေ ဆက်လုပ်မယ်လို့ သိထားတယ်”လို့ စေတနာမွန် လူမှုကူညီရေး အသင်းမှ မခင်ဝင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ကနဦး ထုတ်ပြန်ချက်အရ ဦးဂျစ်ကား (၅၂) နှစ်နဲ့ အမည်စုံစမ်းဆဲ ၁ ဦးတို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်၊ ဒဏ်ရာရသူ ၂ ဦးကိုတော့ မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ကိုကိုမောင် (၂၀) နှစ်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ''ဒဏ်ရာရရှိသူ နှစ်ဦးနဲ့ သေဆုံးသူ နှစ်ဦးကို ဆေးရုံပို့ထားတယ်၊ ကျောက်တောင်ပြိုတဲ့နေရာမှာ ကျန်နေသေးတယ်လို့ ကောလာဟလပဲ ရှိသေးတာ မျက်မြင်သက်သေက ဘယ်သူမှ မရှိဘူး။ ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီ ကျောက်တောင်ပြိုကျမှုမှာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနဲ့ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်တွေ စေတနာမွန် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေပါတယ်။

ကျောက်တောင်ပြိုကျမှုမှ ကျန်ရှိနေတဲ့ လူတွေကို ဆက်လက်ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013