DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခရီးစဉ် ဒီနေ့ စတင်မည်
DVB
·
November 12, 2012
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခရီးစဉ် ဒီနေ့ စတင်မည်
Donate to DVB

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို ၁ ပတ်နီးပါး အလည်အပတ်သွားဖို့အတွက် ဒီန့ ညနေပိုင်းမှာ ထိုင်းနိုင်ငံကို စတင် ထွက်ခွာမှာဖြစ်ပြီး ထိုင်းကနေ အိန္ဒိယနိုင်ငံ နယူးဒေလီကို နိုဝင်ဘာ ၁၃ ရက်နေ့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံခရီးဟာ မြန်မာပြည်မှာ ပါတီစုံဒီမိုကရေစီထွန်းကားဖို့ အိန္ဒိယရဲ့ ဆောင်ရွက်ချက်တွေထဲက တခုဖြစ်ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးအတွက်လည်း အကျိုးရှိစေမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာ ရှိနေစဉ် အိန္ဒိယ ဒုတိယသမ္မတ၊ ၀န်ကြီးချုပ်၊  အိန္ဒိယပါလီမန် ဥက္ကဋ္ဌတို့နဲ့ တွေ့ဖို့ ရှိသလို သူငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ ကောလိပ်နဲ့ အိန္ဒိယအစိုးရရဲ့ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို လေ့လာဖို့ ရှိပါတယ်။ ဒါအပြင် ၁၉၉၂ ခုနှစ်က သူ့ကို ချီးမြှင့်ထားတဲ့ ဂျဝါဟာလားနေရူး ဆုကိုလည်း လက်ခံရယူဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင် ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အနေနဲ့ တာဝန်ယူခဲ့တဲ့အချိန် သူငယ်စဉ်က အိန္ဒိယကို လိုက်ပါသွားသလို၊ ၁၉၈၇ ခုနှစ်မှာလည်း ဆင်းမလားမှာ ပညာရေးအစီအစဉ်တခုနဲ့ ကာလတခု နေထိုင်ခဲ့ပါတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်းမှာ နယူးဒေလီရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်ကို အိန္ဒိယနိုင်ငံတာဝန်ရှိသူတွေက စီစဉ်ပေးတဲ့အတွက် မြန်မာမိသားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးကော်မတီတခုကို ဖွဲ့စည်းလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေ တွေ့ဆုံကြဖို့  အတွက် မြန်မာမိသားစု အများစုနေထိုင်ရာဖြစ်တဲ့ ဗစ်ကပ်စ်ပူရီရပ်ကွက်က အောက်စ်ဖို့ ကျောင်းဝင်း အတွင်းမှာ ပြုလုပ်ဖို့ကို အိန္ဒိယအာဏာပိုင်တွေက စီစဉ်ပေးထားတာလို့ ကြိုဆိုရေး ကော်မတီဝင် တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013