DVB Logo
Home
မြန်မာသတင်း
စပါးဈေးကျသဖြင့် ဖြူးမြို့နယ် နွေစပါးစိုက်တောင်သူများ အခက်ကြုံ
DVB
·
May 26, 2019
စပါးဈေးကျသဖြင့် ဖြူးမြို့နယ် နွေစပါးစိုက်တောင်သူများ အခက်ကြုံ
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းလာတဲ့အတွက် တောင်သူတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နွေစပါးစိုက်တောင်သူတွေက ပြောပါတယ်။

အရင်နှစ်က နွေစပါးပေါ်ချိန်မှာ တင်း ၁၀၀ ကို ကျပ်ငွေ ၆ သိန်းလောက် ရောင်းချခဲ့ ရပေမယ့်လည်း အခုနှစ်မှာ ၄ သိန်းခွဲတောင် ၀ယ်ယူမယ့်သူ မရှိဖြစ်နေတာလို့ တောင်သူတွေက ဆိုပါတယ်။

နွေစပါးစိုက်တောင်သူ ကိုဇော်ထွေးက “ မနှစ်က နွေစပါးပေါ်ချိန်မှာ ၅ သိန်း ၇ သောင်း၊ ၅ သိန်း ၈ သောင်း ရောင်းရပါတယ်။ ဒီနှစ်မှာတော့ ၄ သိန်း ၄ သောင်းတောင် ၀ယ်မယ့်သူ မရှိပါဘူး။ အခုရောင်းတော့လည်း အကြွေးစနစ်နဲ့ ရောင်းနေရပါတယ်။ ကျနော်တို့မှာ ရိပ်သိမ်းခတွေ ပေးဖို့တွေလည်း ရှိတယ်။ ဘဏ်တောင် ဆပ်ချင်ပေမယ့် မဆပ်ရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

အခုလို နွေစပါးပေါ်ချိန်မှာ ဈေးကျရတာဟာ တရုတ်နယ်စပ် ကုန်သွယ်ရေး ရပ်လိုက်တာကြောင့် ရန်ကုန်တမြို့တည်းကိုသာ အားပြုနေရတဲ့အတွက် ဖြစ်တယ်လို့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ဦးကျော်စိုးမိုးက ပြောပါတယ်။

“ဆန်စပါးနဲ့ ပတ်သက်ပြီး အခုလက်ရှိ အရောင်းအဝယ်အေးနေတဲ့ အကြောင်းအရာ ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ထဲက တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားရတဲ့ အတွက် မြန်မာပြည်ထဲက ဆန်တွေဟာ တရုတ်ဘက်ကို မသွားရဘဲ ရန်ကုန်တမြို့တည်းကိုသာ သွားနေရတာကြောင့် အရောင်းအဝယ်ဟာလေးနေပြီး နွေစပါးပေါ်ချိန်မှာ စပါးဈေးနှုန်းဟာ တဖြည်းဖြည်း ကျလာရတာ။”

ဖြူးမြို့နယ်အတွင်းမှာ စပါးစိုက်ပျိုးဧက ၁၅၀၀၀ ကျော်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ဖြူးမြို့နယ်အတွင်းမှာ ချောင်းပိတ်စနစ်နဲ့ နွေစပါးစိုက်ဧက ၅၀၀၀ ဆည်ရေသောက်စနစ်နဲ့ ဧက ၁၈၀၀ ကျော်စိုက်ပျိုးခဲ့ပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာ ချောင်းပိတ်စနစ်နဲ့ ဧက ၈၀၀၀၊ ဆည်ရေသောက် စနစ်နဲ့ ဧက ၄၈၀၀၊ စုစုပေါင်း စိုက်ဧက ၁၂၀၀၀ လောက် စိုက်ပျိုးထားပြီး တဧကကို တင်း ၈၀ လောက် ထွက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်း( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013