DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ် ၂ စီး တိုက်မိသဖြင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
DVB
·
May 26, 2019
အမြန်လမ်းတွင် ယာဉ် ၂ စီး တိုက်မိသဖြင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၅၈/၅ မှာ မေလ ၂၆ ရက် မနက်အစောက လိုက်ထရပ်ကားကို အိပ်ပရရက်ကားက ဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။

ပေပင်လေးအမြန်လမ်းရဲစခန်းစခန်းမှူးက "ရှေ့ကမောင်းနေတဲ့ လိုက်ထရပ်ကား နောက်ပိုင်းကို EXPRES Sကားက တိုက်မိတယ်၊ အိပ်ပရက်ပေါ်က ဒဏ်ရာရသူမရှိပါဘူး။ လိုက်ထရပ်ကားပေါ်မှာ ၁၀ ဦးပါတယ်။ အမျိုးသမီး ၂ ဦးသေဆုံးတယ်။ သံဃာတပါးနဲ့ လူ ၇ ဦး ဒဏ်ရာရတယ်" လို့ ပြောပါတယ်။

မန္တလေးဘက်ကို မောင်းလာတဲ့ လိုက်ထရပ်ကားယာဉ်မောင်း သန်းထွန်းနိုင်ရဲ့ကား နောက်ပိုင်းအား လားရာတူ မင်းဟိန်းထွဋ် မောင်းလာတဲ့ EXPRESS ကားက ဝင်တိုက်မိတာပါ။

လိုက်ထရပ်ကားပေါ်က ဒေါ်မော်ဦး (၆၇နှစ်) နဲ့ ဒေါ်သောင်းအေး (၄၂နှစ်) တို့ ၂ဦး သေဆုံးပြီး သံဃာ ၁ ပါးနဲ့ လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

EXPRESS ကားယာဉ်မောင်း မင်းဟိန်းထွဋ် ကို ပေပင်လေးအမြန်လမ်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း

ဓာတ်ပုံ-Shwe Moe (သီးကုန်းအမြန်လမ်းကြက်ခြေနီ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013