DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းတံတားအနီး ရေယာဉ် ၂ စီး တိုက်မိ၊ ကလေးအပါအဝင် လူ ၅ ဦးသေဆုံး
DVB
·
May 26, 2019
ချင်းတွင်းတံတားအနီး ရေယာဉ် ၂ စီး တိုက်မိ၊ ကလေးအပါအဝင် လူ ၅ ဦးသေဆုံး
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းအနီး၊ ချင်းတွင်းတံတား(မုံရွာ) ရေလယ်တိုင် အမှတ် P-3 နဲ့ P-4 ကြားမှာ ချင်းတွင်းမြစ်အတိုင်း အထက်ကို ဆန်တက်တဲ့ ဗိုလ်အောင်ကျော် (၁) သစ်သားခွံ ဖောင်ဆွဲသင်္ဘောနဲ့ ကလေးဝမြို့ကိုဆန်တက်တဲ့ စက်သုံးဆီတင် ရတနာရွှေစင်အောင် ဖလက်မော်တော်တို့ မေ ၂၆ ရက်နေ့ မနက်ပိုင်းက မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

ရေယာဉ်မတော်တဆမှုကြောင့် ဗိုလ်အောင်ကျော် (၁) သစ်သားခွံ ဖောင်ဆွဲသင်္ဘောပေါ်မှာ ပါလာတဲ့ လူ ၁၁ ဦး လိုက်ပါရာမှာ ရေယာဉ်မောင်း ဦးမောင်မောင် (၄၅ နှစ်)၊ ဦးဇာနည်အောင်၊ မောင်ဇွဲသန့်ဇာနည် (၈ လခန့်)၊ မောင်ဖူးသန့်ဇာနည် (၇ နှစ်) နဲ ရေယာဉ်အုပ် ဦးဌေးအောင်တို့ ရေနစ်သေဆုံးခဲ့ပါတယ်။

ရတနာရွှေစင်အောင် ဖလက်မော်တော်မှာတော့ ၇ ဦးပါရှိပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးမေးမြန်းချက်တွေအရ ဖောင်ဆွဲသင်္ဘောက နောက်က ကျော်တက်စဉ် ဆီတင်ဖလက်မော်တော်ကို ဝင်တိုက်မိပြီး တိမ်းစောင်းနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

“လယ်လိုဖြစ်သွားမှန်းကို မပြောတတ်တော့ပါဘူး။ ဖြစ်ပြီးလဲသွားတယ်။ မြုပ်သွားတယ်။ ရေထဲမှာ လျှောက်စမ်းပြီး အလင်းရောင်မြင်တဲ့နေရာကနေ ထွက်လာခဲ့ရတာ” လို့ ရေယာဉ်ပေါ်မှာ ပါလာခဲ့သူ စက်ခန်းအုပ် ဦးသန်းစိုးက ပြောပါတယ်။

ရေယာဉ်နစ်မြုပ်မှုဖြစ်တဲ့ နေရာကို တိုင်းအစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်လည်း လာရောက်ကြည့်ရှုကာ ရေယာဉ်မတော်တဆမှုနဲ့ပတ်သက်လို့ အသေးစိပ်စစ်ဆေးဖို့နဲ့ တံတားမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီမှတ်တမ်းတွေနဲ့ မျက်မြင်သက်သေတွေ စစ်ဆေးဖို့ မှာကြားခဲ့ပါသေးတယ်။

လတ်တလောမှာတော့ သေဆုံးသူတွေအလောင်းကို လူမှုကူညီရေးအသင်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ရှာဖွေကာ လက်ရှိမှာ ကလေး ၂ ဦးအပါအဝင် အမျိုးသား ၅ ယောက်ရဲ့ အလောင်းတွေကို မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

ချင်းတွင်းမြစ်အတွင်း ရေယာဉ်မတော်တဆမှုတွေက မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိကာ ပြီးခဲ့တဲ့ မေလ ဒုတိယပတ်အတွင်းကလည်း ကနီမြို့နယ်မှာ မိုးသက်လေပြင်းကြောင့် ရေယာဉ် ၇ စီး ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013