DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ ဈေးဝယ်စင်တာ မီးလောင်မှု သေဆုံးသူ ၂၀ ရှိပြီ
DVB
·
May 26, 2019
အိန္ဒိယ ဈေးဝယ်စင်တာ မီးလောင်မှု သေဆုံးသူ ၂၀ ရှိပြီ
Donate to DVB

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဆူရက်မြို့ အထပ် ၄ ထပ်ရှိ ဈေးဝယ်စင်တာအဆောက်အဦ မီးလောင်မှုကြောင့် သေဆုံးသူဦးရေ အယောက် ၂၀ ရှိပြီလို့ ရဲတပ်ဖွဲ့က မေ ၂၅ ရက်နေ့မှာ ပြောပါတယ်။

အဲဒီအတွက် ရဲတပ်ဖွဲ့က လူ  ၃ ယောက်ကို အမှုဖွင့်ခဲ့ပြီး အဲဒီထဲက တယောက်ဟာ အဆောက်အဦအတွင်း  ကျူရှင်ဖွင့်ထားသူ ဖြစ်ပါတယ်။ မီးလောင်မှုမှာ သေဆုံးသူ အများစုဟာ အဲဒီကျူရှင်တက်နေတဲ့ ကျောင်းသားလေးတွေ ဖြစ်ပါတယ်။

ကနဦးစုံစမ်းချက်အရ အဆောက်အဦ လှေကားခွင်အတွင်း ၀ါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု ဖြစ်ချိန် အဆောက်အဦအတွင်း ကျောင်းသား ၅၀ ထက် မနည်း ရှိနေတယ်လို့ အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆောက်အဦအတွင်း မီးသတ်လုံခြုံရေး ကိရိယာ တပ်မထားသလို မီးသတ်လှေကားလည်း မရှိဘူးလို့ မီးသတ်တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံအမြန် ပို့ဆောင်ခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဂူဂျာရတ်ပြည်နယ်အစိုးရက ဒီဖြစ်စဉ်ကို စုံစမ်းဖို့ ညွှန်ကြားထားသလို မီးလောင်ခဲ့ရာ ဆူရတ်မြို့က ကျောင်း၊ ကောလိပ်၊ သင်တန်းတွေနဲ့ ဈေးဝယ်စင်တာတွေရဲ့ မီးသတ်လုံခြုံရေးစစ်ဆေးဖို့ကို  အမိန့်ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013