DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်မခံရရေး ၀ိုင်းဝန်းကူညီရန် ဦးဖြိုးမင်းသိန်းပြော
DVB
·
May 26, 2019
တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်မခံရရေး ၀ိုင်းဝန်းကူညီရန် ဦးဖြိုးမင်းသိန်းပြော
Donate to DVB

စီးပွားရေးဈေးကွက်မှာ တန်ဖိုးကြီးဈေးကွက် ဖြစ်လာနေတဲ့ တောဆင်ရိုင်းတွေဟာ မျိုးတုံးမယ့်အန္တရာယ် ရင်ဆိုင်နေရပြီး ဖမ်းဆီးသတ်ဖြတ်တာ မခံရအောင် ၀ိုင်းဝန်းကူညီကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Pullman Hotel မှာ မနေ့ညနေပိုင်းက ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်း လုံးဝမရှိသည့် တနှစ်ပြည့်အခမ်းနားမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

“ဆင်ရိုင်းများသည် ရပ်ရွာများအတွင်းသို့ ဝင်ဖို့ထက် တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်ရမည့် အခြေအနေအထိ ဖြစ်လာသည်ကို တွေ့ရကြောင်း၊ အချို့ဆင်များမှာ မသေခင်မှာ အရေခွံဆုတ်ပြီး နိုင်ငံခြားသို့ရောင်းကြပြီး ဆင်ခြေထောက်ဆိုလျှင် အလွန်တန်ဖိုးကြီးသည့် ဂေါက်ရိုက်အိတ်များလုပ်၍ ရနိုင်သည့်အတွက် ယင်းအနေအထားများသည် စီးပွားရေးဈေးကွက်တွင် တန်ဖိုးကြီးဈေးကွက်များ ဖြစ်လာခြင်းကြောင့် ဆင်ရိုင်းများကို အစဉ်မပြတ်လိုက်နေကြောင်း၊ ၎င်းတို့အား ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုနိုင်ရန် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ယင်းသို့ ထိန်းသိမ်းထားနိုင်ခြင်းအားဖြင့် တောများကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း။”

ဒါ့အပြင် သစ်တောနဲ့ ဒီရေတောတွေကိုလည်း စနစ်တကျ ထိန်းသိမ်းကြဖို့နဲ့ တောဆင်ရိုင်းအပါအ၀င် တောတွင်းတိရစ္ဆာန်တွေကို သဘာဝတရားအတိုင်း ရှိနေစေရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ၀န်ကြီးချုပ်က တိုက်တွန်းသွားပါတယ်။

အခမ်းအနားမှာ တောဆင်ရိုင်းထိန်းသိမ်းရေးအဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို Projector နဲ့ ပြသခဲ့ပြီး နေဒဏ်မိုးဒဏ်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းအား ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြုလက်မှတ်တွေ ချီးမြှင့်ခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ သစ်တောဦးစီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ ဆင်ရိုင်း ၁၂၃ ကောင် သတ်ဖြတ်ခံရပြီး တနှစ်မှာ ဆင် ၁၅ ကောင်ဝန်းကျင် သေဆုံးနေတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ ဆင်ချစ်သူများအဖွဲ့ကတော့  တောဆင်ရိုင်းတွေ အသတ်ခံရတာ လျော့နည်းစေဖို့နဲ့ မျိုးတုံးပျောက်ကွယ်မှာကို ကာကွယ်ဖို့ ကျေးရွာတွေကိုဆင်းပြီး ဟောပြောပွဲကျင်းပ၊ ဆိုင်းဘုတ်စိုက်ထူ၊  လျှပ်စစ်ခြံစည်းရိုးကာပေးတာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013