DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 26, 2019
ဘားအံမြို့တွင် ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ကရင်ပြနည်နယ် ဘားအံမြို့နယ်မှာ ငွေကျပ် ၄၁၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ  မေ ၂၃ ရက် နေ့လယ်ပိုင်းက ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စားသောက်ဆိုင်မှာ အောင်မိုးဦး(ခ)အောင်မိုး (ခ) ကိုမိုးအား စစ်ဆေးရှာဖွေရာ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်အရ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာရှိ အောင်မိုးဦးရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေရ ဇနီးဖြစ်သူ မဝင်းသူဇာနှင့်အတူ သန်းဝင်း၊ တင်အောင်ကျော်၊ စောကျော်ရှိ တို့ ၃ ဦးအား တွေ့ရှိရပြီး နေအိမ်ရှေ့လှေကားအနီးရှိ ကားတာယာ အဟောင်းအတွင်းနဲ့ နေအိမ်ခြံဝင်းအတွင်းရှိ ခရေပင်အောက်မြေကြီးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈,၀၀၀ ပြား၊ လက်ကိုင်ဖုန်း ၃ လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိတဲ့ သူတို့ ၅ ဦးကို မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013