DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ – စဥ့်အိုးတန်း သဘောင်္ခရီးစဉ်သစ် စတင်
DVB
·
November 11, 2012
Donate to DVB

ခရီးသည် ၃၀၀ လိုက်ပါနိုင်မယ့် လှိုင်သာယာနဲ့ စဥ့်အိုးတန်း အသွားအပြန်သင်္ဘောခရီး စဉ်သစ်ကို နိုဝင်ဘာ ၁၂ ရက်နေ့ စတင်တော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲက မန်နေဂျာ ဦးကြင်နာက ပြောပါတယ်။

“လှိုင်သာယာကိုဖြတ်တဲ့ ဘုရင့်နောင်နဲ့ အောင်ဇေယျတံတားတွေက ကျန်တဲ့ ရန်ကုန်မြို့ တခြားနေရာတွေထက် traffic ပိုကြပ်တယ်။ သူတို့ ၃၀၀ ပေးတဲ့ကားစီးစီး၊ သတ်မှတ်ထက် အချိန်ထက်ကို၊ သွားနေတဲ့ အချိန်ထက်ကို ပိုပြီး ကြာနေတယ်။ ဒါကြောင့် လူကြီးတွေရဲ့ အစီအမံနဲ့ ရေကြောင်းကနေ ဒီခရီးစဉ်တွေ တိုးချဲ့ဆွဲပေးလိုက်တာပါ။ လက်ရှိဆွဲနေတဲ့ တံလျှပ်သင်္ဘောက ခရီးသည် ၃၀၀ တင်ဆောင်နိုင်ပါတယ်။ အရင်ကတော့ အင်းစိန်နဲ့ လှိုင်သာယာကို လှိုင်မြစ်ကိုကူးတဲ့ ကူးတို့ပဲ ရှိပါတယ်။”

တံလျှပ်နှစ်ထပ်သင်္ဘောဟာ လှိုင်သာယာကနေ မနက် ၇ နာရီမှာ စထွက်ပြီး စဥ့်အိုးတန်းကို မနက် ၈ နာရီမှာ ဆိုက်ကပ်မှာ ဖြစ်ပါတယ်။ ညနေ ၅ နာရီ စဥ့်အိုးတန်းဆိပ်ကမ်းကနေ လှိုင်သာယာဘက်ကို ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။

ခရီးသည်တဦးကို ၂၅၀ ကျပ် သတ်မှတ်ထားပြီး ထိုင်ခုံနဲ့ ရေပေးဖို့ စီစဉ်ပေးထားတယ်လို့ ဦးကြင်နာက ပြောပါတယ်။

ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ဦးကြင်နာက “ကျနော်တို့ သဘောင်္တွေမှာက ကူးတို့လိုင်းပဲဖြစ်ဖြစ် ခရီးသည်တင်ယာဉ်ပဲဖြစ်ဖြစ် တင်ဆောင်တဲ့ ခရီးသည် ဦးရေနဲ့ညီမျှတဲ့ အသက်ကယ်အင်္ကျီတွေပါရပါတယ်။ နောက်တခါ အသက်ကယ်ဖောင်၊ အသက်ကယ်ဘောကွင်းတို့ ပါရပါတယ်။ ဒါတွေမပါရင် ဆိပ်ကမ်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထွက်ခွာခွင့်မပေးပါဘူး။”

သင်္ဘောနဲ့ ခရီးသည် မဆံ့တာမျိုး မဖြစ်အောင် အရန်သင်္ဘောတစီးလည်း ထားရှိမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ခရီးစဉ်သစ်မှာ လိုက်ပါမယ့် ခရီးသည် အနည်းအများပေါ် မူတည်ပြီး စဥ့်အိုးတန်းကနေ ရွှေပြည်သာအထိ ခရီးစဉ်တွေကို တိုးချဲ့သွားဖို့ အစီအစဉ်ရှိတယ်လို့  ဦးကြင်နာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013