DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးငယ်တိုင်းကို ကျောင်းအပ်လက်ခံ
DVB
·
May 25, 2019
အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးငယ်တိုင်းကို ကျောင်းအပ်လက်ခံ
1 / 9
Donate to DVB

မြန်မာတနိုင်ငံလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ မေ ၂၅ ကနေစပြီး ၃၁ ရက်နေ့အထိ ကျောင်းနေအရွယ် ကလေးငယ်တိုင်းကို ကျောင်းအပ်လက်ခံပေးနေပြီဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကလေးငယ်အားလုံး စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနကနေ အခမဲ့ ကျောင်းအပ်လက်ခံပေးနေပါတယ်။

ဒါ့အပြင် ကျောင်းအပ်လက်ခံရာမှာ မူလတန်းအရွယ်ကလေးငယ်တွေကို ပုံနှိပ်စာအုပ်တစုံနဲ့ ဗလာစာအုပ်တဒါဇင်ကို အခမဲ့ထောက်ပံ့ပြီး၊ အလယ်တန်းနဲ့ အထက်တန်းအရွယ် ကလေးတွေကိုတော့ ပုံနှိပ်စာအုပ်တစုံစီ အခမဲ့ထောက်ပံ့ပေးနေတာပါ။

ရန်ကုန်တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက်နေ့က ရန်ကုန်မြို့ အ.ထ.က ၄ အလုံမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်တွေ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ တက်ရောက်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားကြမယ့် ကျောင်းသား၊ကျောင်းသူတွေဟာ ဇွန် ၃ ရက်နေ့ ကျောင်းစတင်တက် ရောက်ရမှာဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013