DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည် မီးဘေးသင့်ပြည်သူများကို လူသုံးပစ္စည်းနှင့်ဆေးဝါးများ ထောက်ပံ့
DVB
·
May 25, 2019
ချမ်းမြသာစည် မီးဘေးသင့်ပြည်သူများကို လူသုံးပစ္စည်းနှင့်ဆေးဝါးများ ထောက်ပံ့
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အကွက် ၈၈၃၊ စက်ခေါင်းရုံရပ်ကွက်က မီးဘေးသင့် ပြည်သူတွေအတွက် လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးထောက်ပံ့တာတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က မေ ၂၄ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အနေနဲ့ သဘာဝဘေးသင့်တဲ့ ပြည်သူတွေကို သတ်မှတ်မူဘောင်တွေနဲ့အညီ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပြီး အခုနှစ်အတွင်း မီးဘေးနဲ့ လေဘေးသင့်ပြည်သူတွေအတွက် ၁၅ ကြိမ်လောက် ထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုထောက်ပံ့မှုမှာတော့ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေအပါအဝင် ကျပ်နှစ်သိန်းလောက် တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်နိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ပြောပါတယ်။

မေ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုကြောင့် စက်ခေါင်းရုံရပ်ကွက်က အိမ်ခြေ ၁၄ လုံး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူ ၇၁ ဦး ရပ်ကွက်ဓမ္မာရုံမှာ စုပေါင်းနေထိုင်နေကြရတာပါ။

လတ်တလောမှာ မီးဘေးသင့်ပြည်သူတွေအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအဝင် စေတနာရှင်တွေကလည်း ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးနေတယ်လို့ မီးဘေးသင့်ပြည်သူ ဒေါ်စန်းစန်းနွဲ့က ပြောပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013