DVB Logo
Home
မေးမြန်းခန်း
ငလျင်အခြေအနေ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်နှင့် မေးမြန်းချက်
DVB
·
November 12, 2012
ငလျင်အခြေအနေ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်နှင့် မေးမြန်းချက်
Donate to DVB

မနေ့ မနက် ၇ နာရီ ၄၂ မိနစ်က ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင်အကွာမှာ ဗဟိုပြုတဲ့ ရစ်ခ်ျတာစကေး ၆.၆ အင်းအားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကတော့ အင်အားနည်းတဲ့ ငလျင်တွေ ထက်မံ လှုပ်ခတ်နိုင်သေးပြီး ကောလာဟလတွေကိုလည်း မယုံကြဖို့ တိုက်တွန်းနိုးဆော်ထားပါတယ်။

ငလျင်က နောက်ထပ် ထပ်လှုပ်ဖို့ အခြေအနေရှိလား ဆရာ။

[caption id="attachment_16687" align="alignleft" width="300" caption="ဦးထွန်းလွင်"][/caption]

“မပြောတတ်ပါဘူး နောက်ထပ် လှုပ်လေ့တော့ရှိတယ်၊ ဒါပေမယ့် တအားမကြီးတတ်ပါဘူး။ ထုံးစံကတော့ ရှိပါတယ်။ ဒါပေမယ့် ငလျင်ကြီးလှုပ်မယ် ဆိုတာကတော့ ဘယ်သူကမှ မခန့်မှန်းပါဘူး။ ကျနော် သိတာကြာပြီ။ စစ်ကိုင်းငလျင်ကြောပေါ် ငလျင်လှုပ်မယ့် အချိန်က ကျော်နေတာတော့ ကြာပြီ။ လှုပ်မယ်ဆိုတာတော့ ဒီကလူတွေက ကြိုတင်မှန်းဆကြပါတယ်။ အမှန်အတိုင်းပြောရရင် ဘယ်နေရာ ဘယ်အချိန်ဆိုတာ အတိအကျ မပြောနိုင်လို့သာ မပြောကြတာ။”

အရင်လှုပ်ခဲ့ဖူးတဲ့နေရာတွေနဲ့ နှိုင်းဆရင် ဒါက သိပ်တော့ ပြောလို့မရသေးဘူးပေါ့။

“မရပါဘူး။ အခု လှုပ်တဲ့နေရာကလည်း လူနေမထူထပ်ပါဘူး။ မြို့ကြီးတွေလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် အပျက်အစီး၊ အသေအပျောက်တော့ ရှိတာပေါ့။ လုပ်ငန်းခွင်မှာ ထိခိုက်တာတို့ ရှိတယ်လို့တော့ သိရပါတယ်။”

နောက်ထပ် သတိပေးလို့ရမယ့် နေရာမျိုး၊ မြန်မာနိုင်ငံအတွင်းမှာ လှုပ်ဖို့ရှိတဲ့ နေရာမျိုးရော ပြောပြလို့ ရနိုင်တာ ရှိလား။

“ပညာရှင်တွေ မှန်းဆတဲ့နေရာလည်း ရှိတယ်။ ဒါပေမယ့် ခက်တာက အချိန်နဲ့နေရာက ကြိုပြောဖို့ တော်တော် ခက်တော့ အတိအကျတော့ မပြောတတ်ဘူး။ မြေငလျင်ဆိုတာကလည်း တကမ္ဘာလုံးမှာ ဒီအတိုင်းပါပဲ။ သို့သော်လည်း လှုပ်နိုင်တယ်လို့ တွက်ထားတဲ့ နေရာတွေတော့ ရှိပါသေးတယ်။”

အနီးစပ်ဆုံးဘယ်နေရာတွေ ဖြစ်မလဲဆရာ။

“ဒါတွေက ကြိုပြောလို့မကောင်းပါဘူး။ တော်ကြာ မလှုပ်ဘဲ မှန်းဆချက်လွဲရင်လည်း မကောင်းပါဘူး။ အဓိက စစ်ကိုင်းငလျင်ကြောပါပဲ။ စစ်ကိုင်းငလျင်ကြော ပဲခူးဘက်၊ ဖြူးဘက်လည်း ပညာရှင်တွေ ပြောကြတယ်။ စစ်ကိုင်းဘက်လည်း ပါပါတယ်။”

စစ်ကိုင်းငလျင်ကြောက ဘယ်ဘက်မှာရှိတာလဲ။

“အကြမ်းဖျင်းပြောရရင် ဧရာဝတီမြစ်အတိုင်းပါပဲ။ တချို့ကျတော့လည်း ကုန်းပိုင်းနည်းနည်းရောက်တယ်။ ကပ္ပလီပင်လယ်ကနေ ဟိုးဘက်ထိ တောင်၊ မြောက်ဖြတ်သွားတဲ့ ငလျင်ကြောကြီးပါ။”

တခြား ဘာများပြောချင်ပါသေးလဲ။

“ကောလာဟလတွေကို သိပ်မယုံကြဖို့ပေါ့။ မြေငလျင်တွေ ဘယ်အချိန် ဘယ်နေရာလှုပ်မယ်၊ ဘယ်နှနာရီလှုပ်မယ်ဆိုတာတွေ မယုံကြဖို့။ ဒါကို ဘယ်သူမှမလုပ်နိုင်ဘူး ပြည်သူလူထုမယုံကြဖို့ပေါ့။ ထပ်လှုပ်နိုင်သေးတယ်ဆိုတာတော့ သတိပြုစေချင်တယ်။ ထိုက်သင့်သလောက်တော့ အားရှိချင် ရှိမယ်။ မူလငလျင်လောက်တော့ မပြင်းထန်ဘူး ဆိုတာ သိစေချင်တယ်။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013