DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်များ ဖွံ့ဖြိုးရေး မူဝါဒတရပ်ချမှတ် အကောင်အထည်ဖော်ရန်လိုအပ်ဟုဆို
DVB
·
May 25, 2019
စက်မှုဇုန်များ ဖွံ့ဖြိုးရေး မူဝါဒတရပ်ချမှတ် အကောင်အထည်ဖော်ရန်လိုအပ်ဟုဆို
Donate to DVB

စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေနဲ့ စက်မှုဆိုင်ရာ မူဝါဒတရပ်ချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ စက်မှုဇုန် အများစုဟာ ရေ၊ လျှပ်စစ်မီး၊ လမ်းပန်ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦ အပါအဝင် နည်းပညာ လိုအပ်တွေကြောင့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေတာလို့  မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ပြောပါတယ်။

ဒါအပြင် ရှိရင်းစွဲ စက်မှုဇုန်တွေဟာလည်း ပြည်ပပို့ကုန် တင်ပို့နိုင်ဖို့ထက် သွင်းကုန် အစားထိုး ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေရတာကြောင့် အစိုးရအနေနဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စက်မှုကြီးကြပ်နဲ့ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါ်အေးအေးဝင်းကတော့ စက်မှုဇုန်တွေ ဖွံ့ဖြိုးရေးအတွက် စက်မှုဇုန် ဥပဒေကြမ်း ရေးဆွဲထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထူထောင်ပြီးတဲ့ စက်မှုဇုန်ပေါင်း ၆၀ ကျော်ရှိနေပြီး စားသောက်ကုန် ထုတ်လုပ်ရေးနဲ့ လူသုံးကုန် ပစ္စည်းတွေကိုသာ အများဆုံး ထုတ်လုပ်နေတာဖြစ်ပြီး စက်မှုဇုန်ကို အစိုးရက ကူညီပေးတာ မရှိဘူးလို့ မော်လမြိုင်စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

စက်မှုဇုန်တွေကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မြို့ပြနှင့် အိမ်အိုးဦးစီးဌာနက တာဝန်ယူပြီး ၁၉၉၇ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာပါ။

အဲဒီလို ထူထောင်ရာမှာ စက်မှုကဏ္ဍဖွံ့ဖြိုးစေဖို့၊ ပြည်ပ ပို့ကုန်တင်ပို့နိုင်ဖို့၊ ပြည်တွင်း အစားထိုး သွင်းကုန် ထုတ်လုပ်နိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်းတီနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထူထောင်ခဲ့တာပါ။

သတင်း-ဇော်လွင်ထွတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013