DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
၂၁၀၀ ပြည့်နှစ်မှာ ရန်ကုန်ဟာ ရေအောက်ရောက်သွားနိုင်မလား
DVB
·
May 25, 2019
၂၁၀၀ ပြည့်နှစ်မှာ ရန်ကုန်ဟာ ရေအောက်ရောက်သွားနိုင်မလား
1 / 3
Donate to DVB

ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုတွေကြောင့် စံချိန်တင် ရေလွှမ်းမိုးမှုတွေ၊ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေ၊ မျှော်မှန်းထားလို့မရတဲ့ မိုးရေချိန်တွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတွေစာရင်းမှာ ပါဝင်ပါတယ်။

တကယ်လို့များ ကမ္ဘာကြီးဟာ လက်ရှိအပူချိန် ၂ ဒီဂရီကနေ ၄ ဒီဂရီထိတိုးပြီး ပူနွေးလာခဲ့မယ်ဆိုရင် ရန်ကုန်မြို့ဟာ ရေအောက်ကို ရောက်ရှိသွားနိုင်လိမ့်မယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ ရေးသားထားပါတယ်။ ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးအပူချိန်ကို လက်ရှိထက် ၂ ဒီဂရီထက် ပိုမတိုးလာစေဖို့ ထိန်းသိမ်းထားမယ်လို့ ရည်မှန်းထားကြပေမယ့် သိပ္ပံပညာရှင် အများစုကတော့ ၂၀၅၀ ပြည့်နှစ်ရောက်တဲ့အခါ ကမ္ဘာကြီးဟာ လက်ရှိအပူချိန်ရဲ့ ၂ ဒီဂရီထက် ကျော်လွန်မြင့်တက် ပူနွေးလာမယ်လို့ လက်ခံထားကြကြောင်း ရေးသားခဲ့ပါတယ်။



ရာသီဥတု ပြောင်းလဲမှုကို တန်ပြန်နိုင်ဖို့ ဆောင်ရွက်ဖို့၊ ကမ္ဘာတဝန်းက သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ပြုလုပ်နေကြတဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်တွေမှာ မြန်မာက ရှေ့တန်းမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး အဆင့်မှာတော့ အပူချိန်ပိုတိုးလာခဲ့ရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံးတိုင်းထဲမှာ ပါဝင်တဲ့ ဧရာဝတီတိုင်းဒေသကြီး တခုလုံး ရေအောက်ရောက်သွားနိုင်ချေရှိပြီး ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာ၊ ကြည့်မြင်တိုင် စတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့လည်း ပါဝင်မှာဖြစ်ပါတယ်။

နောက်တဆင့်မှာတော့ အပူချိန် ၄ ဒီဂရီထိ မြင့်တက်လာခဲ့မယ်ဆိုရင် ရန်ကုန်တမြို့လုံးနီးပါး ရေအောက်ရောက်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



ဒီခန့်မှန်းချက်တွေဟာ ပြင်းထန်ဆိုးဝါးနေပေမယ့် အမျိုးမျိုးသော နိုင်ငံတကာ ရာသီဥတု ပြောင်းလဲရေးနဲ့ မိုးလေဝသအထူးပြု အဖွဲ့အစည်းတွေကတော့ ထုတ်ပြန်ချက်တွေနဲ့ သတိပေးထားတာပါ။

ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာတော့ ၂၀၈၀ ပြည့်နှစ်တွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ဘယ်နေရာမှာမဆို စင်တီမီတာ ၄၀ ကနေ ၈၀ အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအစီရင်ခံစာထဲမှာပဲ “မြန်မာ့ကမ်းရိုးတန်းတခုလုံးဟာ ၂၀၂၀ ပြည့်နှစ်တွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၅ စင်တီမီတာကနေ ၁၃ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း၊ ၂၀၅၀ ပြည့်နှစ် ကာလတွေမှာတော့ ၂၀ စင်တီမီတာကနေ ၄၁ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း၊ ၂၀၈၀ ပြည့်နှစ် ကာလတွေမှာတော့ ၃၇ စင်တီမီတာကနေ ၈၃ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း၊ အများဆုံး ၁၂၂ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း” ဖော်ပြခဲ့တာပါ။

ပင်လယ်ရေမျက်နှာပြင် အနည်းဆုံး ၅၀ စင်တီမီတာ မြင့်တက်လာတယ်ဆိုတာ ဧရာဝတီတိုင်းလို မြစ်ဝကျွန်းပေါ်ဒေသတွေရဲ့ ၁၀ ကီလိုမီတာလောက် ဒေသတွေကို ထိခိုက်စေနိုင်လိမ့်မယ်လို့ သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၈ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013