DVB Logo
Home
မြန်မာသတင်း
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကော်မတီဝင်များကို ရုံးထုတ်
DVB
·
May 24, 2019
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကော်မတီဝင်များကို ရုံးထုတ်
1 / 4
Donate to DVB

ဆရာတော် ဦးဝီရသူ ခေါင်းဆောင်တဲ့ မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း  တည်ဆောက်ရေးကော်မတီအဖွဲ့ဝင် ၇ ဦးကို ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂) အရ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တရားစွဲဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မေလ ၂၄ ရက်က  ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး တရားစွဲဆိုခံရသူ  ၅ ဦးလာရောက်ခဲ့ပေမယ့် ကျန် ၂ ဦးက တရားရုံးဆင့်စာ အတည်မဖြစ်သေးတဲ့အတွက် မလာရောက်ခဲ့ပါဘူး။

ဒီကျောင်းက ပြည်သူတရပ်လုံးရဲ့ ပညာရေးကို ထောက်ပံ့ဖို့ရာအတွက် ဖွင့်လှစ်ဖို့ လုပ်နေတဲ့ကျောင်းဖြစ်တယ်လို့ ကျောင်းတည်ဆောက်ရေးကော်မတီဝင် ဦးဇော်ဝိတ် ကပြောပါတယ်။

အမှုအတွက် ကျပ်ငွေသိန်း ၃၀ တန် ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွှတ်ထုချေခွင့် လျှောက်ထားရာ တရားရုံးက ခွင့်ပေးခဲ့ပါတယ်။

မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက ခွင့်မပြုခဲ့ပေမယ့် ဇန်နဝါရီ ၂၆ ရက်မှာ ကျောင်းဆောက်လုပ်ဖို့  ပန္နက်ရိုက်ခဲ့ပါတယ်။

ဒီကျောင်းကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၈ ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဆောက်လုပ်မှာဖြစ်ပြီး လက်ရှိအနေအထားမှာ အုတ်တံတိုင်း၊ မုခ်ဦးနဲ့ အဝီစိတွင်းတူး ထားပြီးဖြစ်ပါတယ်။

ဆောက်လုပ်မယ့်ကျောင်းဟာ လေးထပ်ကျောင်းဆောင်ဖြစ်ပြီးတော့ ကျပ်သိန်း ၄၀၀၀ ကျော်ကုန်ကျမယ်လို့သိရပါတယ်။

မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013