DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်တွင် ဖဲဝိုင်းလောင်းကစားသူ ၁၃ ဦးကို ဖမ်းဆီး
DVB
·
May 24, 2019
ပင်လည်ဘူးမြို့နယ်တွင် ဖဲဝိုင်းလောင်းကစားသူ  ၁၃ ဦးကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ နောင်မူးကျေးရွာက နေအိမ် တအိမ်ကို ကသာခရိုင် မူးယစ်တပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးတွေမတွေ့ရဘဲ  လောင်းကစားသူ ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ဝင် ဦးခင်ဇော်ဝင်းက “သွားတုန်းကတော့ မူးယစ်နဲ့သွားတာ။ မူးယစ်ဆေးဝါးမတွေ့ဘူး။ ဂျင်သမားတွေ၊ ဒိုင်တွေပါတယ်။ ဂျင်တော့ မလှည့်နေဘူး။ ဖဲရိုက်နေကြတာ။ လောင်းကစားတွေက အရင် ၁ လ၊ ၂လ လောက်က ဘုရားပွဲ၊ ဇာတ်ပွဲတွေကနေ အခြေတည်လာတာ။ ပွဲမရှိရင်ဟိုရွာ ဒီရွာမှာချိန်းပြီး လုပ်နေတာ။ လောင်းကစားဝိုင်းတွေကြောင့် မိသားစု စားဝတ်နေရေးတွေ ခက်ခဲလာတယ်။ ဟိုဟာရောင်း ဒီဟာပေါင်နဲ့ဖြစ်လာတယ်။ အစောပိုင်းကလည်း သတင်းအရ သွားဖမ်းတာတွေ ရှိပေမယ့် သူတို့က သတင်းကြိုရပြီး မမိဘူး” လို့ ပြောပါတယ်။

နောင်မူးကျေးရွာက နေလင်းဦးဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ သစ်သားရိုးတပ် ၄ ကောင်ဂျင်သီး ၁ လုံး၊ ကြွေပန်းကန်၊ ကြွေကောင်ရေးထားတဲ့ ကော်ဇော၊ ငွေ ၂၆၀၀၀၀ ကျပ် တို့နဲ့အတူ အိမ်ရှင်အပါအဝင် အမျိုးသား ၁၃ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

ပင်လည်ဘူးမြို့နယ်ထဲမှာ လောင်းကစားပြုလုပ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရားခံနဲ့တကွ လက်ရဖမ်းဆီးရမိတာက အခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းလှိုင်က “တော်တော်ဆိုးဆိုး ဝါးဝါးဖြစ်နေတာ အခုမှ ဖမ်းမိတာ။ ဒါတောင်မှ ကသာခရိုင် မူးယစ်တပ်စုက လာဖမ်းလို့မိတာ။ အဲဒီလောင်းကစားဝိုင်းဘေးမှာကလည်း မူးယစ်ဆေးဝါးက လိုသလောက်ရ နေတယ်။ မိသားစုတွေက လူမှုရေး၊ စီးပွားရေး အတော်လေး ထိခိုက်နစ်နာနေကြတယ်” လို့ပြောပါတယ်။

ပင်လယ်ဘူးမြို့မရဲစခန်းက ဖမ်းဆီးရမိသူ ၁၃ ဦးကိုတော့ လောင်းကစား ဥပဒေပုဒ်မ-၁၆(က)/ ၁၇(က) တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013