DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေး မျက်နှာကြီးငယ်၊ ရာထူးဂုဏ်အရှိန်အဝါအပေါ် ဘက်မလိုက်ရန် သမ္မတပြော
DVB
·
May 24, 2019
တရားစီရင်ရေး မျက်နှာကြီးငယ်၊ ရာထူးဂုဏ်အရှိန်အဝါအပေါ် ဘက်မလိုက်ရန် သမ္မတပြော
Donate to DVB

တရားစီရင်ရေးမှာ မျက်နှာကြီးငယ်၊ ရာထူးဂုဏ်အရှိန်အဝါအပေါ်  ဘက်မလိုက်ဘဲနဲ့ တရားဥပဒေစိုးမိုးမှုရှိလာအောင် လုပ်ဆောင်ရမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

မေလ ၂၄ ရက်က နေပြည်တော်ကောင်စီမှာ ပြုလုပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံဝန်ထမ်းတွေကို တွေ့ဆုံရှင်းပြတဲ့ အခမ်းအနားမှာ နိုင်ငံတော် သမ္မတက ပြောကြားလိုက်တာပါ။

အခုလို တွေ့ဆုံပွဲလုပ်ရတာဟာဆိုရင်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ပိုမိုတိုးမြင့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အချိန်အခါပေါ်မူတည်ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံတိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းကနေ ပေးတဲ့ ချီးမြှင့်ငွေတွေ၊ အသုံးစရိတ်တွေ၊ လစာ အဆောင်အယောင်တွေအပေါ်မှာ သာယာမနေဘဲနဲ့  တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အခုတွ့ဆုံပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အကြီးအကဲတွေ တက်ရောက်ခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013