DVB Logo
Home
မြန်မာသတင်း
ရခိုင်ပဋိပက္ခ အာဏာပိုင်များ ပေါ့လျော့ဟု ဝေဖန်
DVB
·
November 9, 2012
ရခိုင်ပဋိပက္ခ အာဏာပိုင်များ ပေါ့လျော့ဟု ဝေဖန်
Donate to DVB

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလက ထပ်ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ သေဆုံးစာရင်းဟာ အစိုးရထုတ်ပြန်ချက်နဲ့ နှိုင်းယှဉ်ရင် ခြောက်ဆလောက် ပိုမိုများပြားတယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

[caption id="attachment_32779" align="alignright" width="300" caption="ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်"][/caption]

မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ အစိုးရက ၈၇ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပေမယ့် အမှန်တကယ် စာရင်းရရှိထားတဲ့စာရင်းအရ သေဆုံးသူ ၅၀၀ ခန့်မှာ သုံးပုံနှစ်ပုံဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး စာရင်းရှိတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့မှာ ရှိတဲ့စာရင်းဇယားတွေအရ လူ ၅၀၀ လောက်ရှိတယ်။ အစ္စလာမ်ဘာသာဝင်တွေများတယ်။ ကျနော်တို့မှာ စာရင်း ဘယ်လောက်ထိရှိလဲဆိုရင် လူနာမည်၊ အသက်၊ အိမ်နံပါတ်၊ ဘယ်ရွာ၊ ဘယ်နေ့က ဘာလက်နက်နဲ့ အပစ်ခံရတယ်ဆိုတာ စာရင်းရှိတယ်။

ဒီကွဲလွဲတဲ့ အရေအတွက်ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့ကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရသေးပါဘူး။

အောက်တိုဘာ ၂၁ ရက်မှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေ မဖြစ်ခင်ကတည်းက ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကို အကြိမ်ကြိမ်တင်ပြခဲ့တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

“မဖြစ်ခင်ကတည်းက ဒီလိုလုပ်မယ်ဆိုတာ ကြေညာထားပြီးပြီ။ ဥပမာ ကျောက်ဖြူမြို့ကို မီးရှို့မယ်ဆိုတာ ကျနော်တို့ သိနေတာပဲ။ ဒါဆို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို အကြိမ်ကြိမ် တိုင်ခဲ့တာပဲ။ ဒါပေမယ့် သက်ဆိုင်ရာက ရပါတယ်၊ ရပါတယ်လို့ ပြောပြီး နောက်ဆုံး မီးရှို့ခံလိုက်ရတာပဲ။ ကျနော်တို့ တတ်နိုင်သမျှ အာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်းဖို့ ကြိုးစားပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို စာအတန်တန်၊ လူကိုယ်တိုင်သွားပြီး အတန်တန် ပြောခဲ့ပါတယ်။ ဒါပေမယ် လုံခြုံရေး အဲဒီအချိန်မှာ လုံးဝကို မရခဲ့ပါဘူး။ အခုလောလောဆယ် လုံခြုံရေးပေးထားတယ်။ ဒါပေမယ် နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။”

အောက်တိုဘာ ၂၅ ရက်ထုတ် ပါတီထုတ်ပြန်ချက်မှာလည်း ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး လုံခြုံရေး ထိရောက်စွာမပေးတဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှုမျိုး ဦးတည်ဖြစ်ပွားလာနေတဲ့အတွက် အခြေအနေကို အမြန်ဆုံးထိန်းသိမ်းပေးသင့်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အောက်တိုဘာ ၂၅ ရက်ထုတ်ပြန်တဲ့ ရခိုင် ဒီမိုကရေစီပါတီထုတ်ပြန်ချက်မှာတော့  ဘင်္ဂါလီတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ကြသလို ရခိုင်တိုင်းရင်းသားတွေရဲ့အိမ်တွေကိုလည်း ရှို့ကြတယ်လို့ ထုတ်ပြန်ခဲ့ပြီး ပြည်ပနိုင်ငံခြားအဖွဲ့တွေရဲ့ပယောဂလို့ ယုံကြည်ရတဲ့ အကြောင်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမြို့နယ်တွေမှာ ထပ်ဖြစ်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုဟာ အစိုးရဘက်က တပ်အင်အားတိုးမြှင့် ချထားခဲ့ပြီးတဲ့နောက် ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး အစိုးရစာရင်းအရ ဇွန်လကစလို့ ပဋိပက္ခမှာ လူပေါင်း ၁၅၀ ကျော်သေဆုံးပြီး လူပေါင်း ၁ သိန်း ၁ သောင်း ရှောင်တိမ်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013