DVB Logo
Home
မြန်မာသတင်း
စိုင်းစိုင်းသီချင်းကို ဂစ်တာလက်စွမ်းပြတီးခတ်ပြခဲ့သည့် အိုင်စီမျိုးဆက်-ငဲငယ်လေး(ရုပ်သံ)
DVB
·
May 24, 2019
စိုင်းစိုင်းသီချင်းကို ဂစ်တာလက်စွမ်းပြတီးခတ်ပြခဲ့သည့် အိုင်စီမျိုးဆက်-ငဲငယ်လေး(ရုပ်သံ)
Donate to DVB

“မင်းဆော်ထက် ငါ့ဆော်ကပိုမိုက်တယ်… ဟျောင့် ငါ့ဆော်ပိုမိုက်တယ်…(ပိုမိုက်တယ်)… မင်းဆော်ထက် ငါ့ဆော်ကပိုမိုက်တယ်… ဟျောင့် ငါ့ဆော်ပိုမိုက်တယ်”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက သိပ်မကြာခင်ကမှ ထွက်ရှိခဲ့ပြီး  နာမည် ကြီးရေပန်းစားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးနဲ့အဖွဲ့သီဆိုထားကြတဲ့ သီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

သီချင်းရဲ့ နာမည်ကတော့ ငါ့ရည်းစားက ပိုမိုက်တယ်လို့ အမည်ရပြီး နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းနဲ့အဖွဲ့က ထုံစံအတိုင်း မြူးမြူးကြွကြွသီဆို တင်ဆက်ခဲ့တာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို ဆိုလိုဂစ်တာအစွမ်းပြတီးခတ်မှုနဲ့ ဆန်းသစ်တဲ့ ပုံစံတ မျိုးနဲ့ ခံစားနားဆင်ကြရမှာဖြစ်ပြီး       အစွမ်းပြတီးခတ်ပေးခဲ့သူကတော့ ငဲငယ်လေး ဖြစ်ပါ တယ်။

ငဲငယ်လေးဟာ မြန်မာပြည်ရဲ့ နာမည်ကြီးရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ အိုင်စီ ရဲ့ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်ပြီး လတ်တလောမှာတော့ အိပ်မက်နဲ့ စိတ်ဓာတ်အမည်ရတဲ့ တေးအယ်လ်ဘမ်တချပ်ကို ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

ဆရာချစ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ချစ်စမ်းမောင်ဟာ ခြောက်ကြိုး ကဝေလို့ အမည်ရတဲ့ တကိုယ်တော်လက်စွမ်းပြ ဆိုလိုစီးရီးတခွေထွက်ရှိခဲ့ပြီး အိုင်စီအဖွဲ့ နဲ့အတူ ဂီတလောကမှာ ဆရာတဆူဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သမီးဖြစ်တဲ့ ငဲငယ်လေးဟာလည်း အတီး၊ အဆိုအစွမ်းပြနိုင်တဲ့ အိုင်စီရဲ့ နောက် မျိုးဆက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးသူတယောက် ဖြစ်လာခဲ့တာပါ။

ခုလက်ရှိအစွမ်းပြ တီးခတ်မှုကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက် စာမျက်နှာပေါ်မှတဆင့် မေလ ၁၈ ရက်နေ့က မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုသူ ၅ သိန်းနီးပါး ရှိနေခဲ့တာပါ။

သီချင်းသံစဉ်တေးသွားအတိုင်း ငဲငယ်လေးရဲ့ ဆိုလိုဂစ်တာတီးခတ်မှုအစွမ်းဟာ အံ့အား သင့်ဖွယ်ဖြစ်နေခဲ့ပြီး ပရိသတ်တွေကြား ချီးကျူးမှတ်ချက်တွေ ပေးနေခဲ့တာကို တွေ့ရပါတယ်။

သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးတို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေထားခဲ့ကြတာကိုလည်း တွေ့ရပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013