DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျေးရွာအချို့တွင် သောက်သုံးရေရှားပါးနေ
DVB
·
May 24, 2019
ရခိုင်ပြည်နယ် ကျေးရွာအချို့တွင် သောက်သုံးရေရှားပါးနေ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြို့နယ်တချို့က ကျေးလက်ဒေတွေမှာ သောက်သုံးရေ ရှားပါး ပြတ်လပ်နေလို့ ဒေသခံတွေဟာ သောက်သုံးရေရရှိဖို့ ဝေးလံတဲ့ နေရာတွေကို နေ့စဉ် ခက်ခက်ခဲခဲ ရေသွားခပ်နေကြရပါတယ်။

မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်တွေက ကျေးရွာတချို့မှာ အခုလိုနွေသီရောက်လာရင် သောက်သုံး ရေရှားပါးမှုဒဏ်ကို နှစ်စဉ်နဲ့အမျှ ခံနေကြရတာပါ။

ကျေးရွာမှာရှိတဲ့ ရေတွင်း၊ ရေကန်တွေကို မှီခိုပြီး သောက်သုံးနေကြရတာဖြစ် ပေမယ့် လက်ရှိမှာ အဲဒီရေကန်တွေဟာ ရေလုံးဝ ခန်းခြောက်သွားတာကြောင့် သောက်သုံးရေရရှိဖို့ အခက်ကြုံနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

သောက်သုံးရေတွေရရှိဖို့ တောတောင်တွေကို ကျော်ဖြတ်ပြီး စက်လှေတွေ၊ ထော်လာဂျီတွေနဲ့ သွားရောက်ရေခပ်နေရတာရှိသလို ခြေကျင်လျှောက်ပြီး ခပ်နေရတာရှိတယ်လို့ လည်းဆိုပါတယ်။

တချို့နေရာဒေသတွေမှာ သောက်ရေအဆင်ပြေနေသေးပေမယ့် သုံးရေကိုတော့ ရေငန်နဲ့ ရောစပ်ပြီး အသုံးပြုနေကြရတာပါ။ ဝေးလံပြီး ရေရှားပါးတဲ့ ကျေးရွာတွေကို စက်လှေတွေ၊ ထော်လာဂျီတွေနဲ့ လာရောက်ပြီး သောက်သုံး ရေလှူဒါန်းတာတွေရှိပါတယ်။

သင်္ဂဟကမ်းလက်ရက္ခိတအသင်း ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ရေရှားပါးနေတဲ့ ကျေးရွာတွေကို လက်ရှိမှာ စာရင်းကောက်ယူနေသလို အဲဒီကျေးရွာတွေကို လိုက်လံပြီး အဝီစိတွင်းတူးဖို့ ပြင်ဆင်နေတယ်”လို့ ပြောပါတယ်။

ရေရရှိဖို့ ကြိုးပမ်းနေရတဲ့အတွက် အလုပ်ပျက် အကိုင်ပျက်ဖြစ်နေရသလို ပူပြင်းတဲ့ နေပူ ဒဏ်ကို အံတုပြီး သောက်သုံးရေတွေရရှိဖို့ ရုန်းကန်လှုပ်ရှားနေရတာပါ။

ဒီလိုရေရှားပါးနေတာကို သက်ဆိုင်ရာမြို့နယ်တွေက တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမယ့် တစုံတရာ လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ရေရှားပါးတဲ့အခါမှာ ရေတွေလိုက်လံလှူဒါန်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ ရေမရှားရအောင် နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုချက်တွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013