DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားမည် – မေးမြန်းချက်
DVB
·
November 9, 2012
ကျောင်းသားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားမည် – မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့နဲ့ ကျောင်းသားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ဝင်လေ့လာဖို့ နှစ်ချက်ကို သဘောတူညီချက်ရရှိခဲ့ပါတယ်။

ကျောင်းသားတပ်မတော်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းတို့  ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီခဲ့ကြတာပါ။

[caption id="attachment_32879" align="alignright" width="300" caption="ကိုဆလိုင်းယောအောင်"][/caption]

ပြည်တွင်းငြိမ်းချမ်းရေး၊ အစိုးရဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးအတွက် ကျောင်းသားတပ်မတော် ပါဝင်လုပ်ဆောင်နိုင်မယ့် အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ ကျောင်းသားတပ်မတော် ဗဟိုဦးဆောင်ကော်မတီဝင် ကိုဆလိုင်းယောအောင်က ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းသားတပ်မတော်ဘက်က ဥက္ကဋ္ဌ ကိုသံခဲဦးဆောင်ပြီး ကိုဆန်နီ၊ ကိုဆလိုင်းယောအောင်၊ ကိုမြင့်ဦး၊ ကိုကျော်ကို၊ ကိုကျော်လင်းတို့ ၆ ဦး ဒီတွေ့ဆုံပွဲမှာ ပါဝင်ပြီး ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေးအဖွဲ့က ၀န်ကြီး ဦးအောင်မင်းနဲ့အတူ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဦးမင်းဇော်ဦး၊ ကိုကျော်စိုးလှိုင်တို့ ပါဝင်ပါတယ်။

ကျောင်းသားတပ်မတော်နဲ့ ပည်ထောင်စုငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အခု မကဒတနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့က ဦးအောင်မင်းခေါင်းဆောင်တဲ့ အဖွဲ့တွေ့ကြတယ်။ အဓိက ဘာတွေဆွေးနွေးဖြစ်လဲ။

“ကျနော်တို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေး။ ဒုတိယအချက်ကတော့ နိုင်ငံရေးအင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ရေး။ နောက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးပေါ့။ ဒါက ကျနော်တို့ နိုင်ငံရေးဦးတည်ချက် ၃ ချက်ပေါ့။ အဲအပေါ်အခြေခံပြီး ဒီနေ့ ဆွေးနွေးပွဲ တွေ့တာဖြစ်တယ်။ ကျနော်တို့ အနေနဲ့ တိုင်းပြည်အတွက် ဒီဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့ ဘယ်နေရာကနေ ပါဝင်နိုင်မလဲ၊ ပါဝင်ကူညီနိုင်ဖို့ ဆွေးနွေးတယ်။”

ဦးအောင်မင်းဘက်ကရော ဘာတွေကတိပေး၊ ဆွေးနွေးတာမျိုး ရှိလဲ။

“နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုကတော့ နှစ်ဦးနှစ်ဖက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို လုပ်သွားဖို့ သဘောတူတယ်။ နောက်တချက်ကတော့ ကျနော်တို့ မကဒတ ကနေ ပြည်တွင်းလေ့လာရေးခရီးစဉ်တခု သွားဖို့ သဘောတူညီချက်ရပါတယ်။ ဘယ်တော့လောက်သွားမလဲဆိုတာတော့ လောလောဆယ် နှစ်ဦးနှစ်ဖက် ရက်အတိအကျ စီစဉ်တာတော့ မရှိသေးဘူး။ ဒီဇင်ဘာလောက် သွားမယ်လို့တော့ ပြောထားပါတယ်။”

ဧပြီလတုန်းကလည်း မကဒတ ရှေ့ပြေးအဖွဲ့က ရန်ကုန်သွားခဲ့ပြီးပြီ။ အခုတခေါက်သွားမှာနဲ့ အရင်သွားတဲ့ ခရီးစဉ် ဘာကွာခြားမှုများရှိမလဲ။

“ဧပြီလတုန်းက ဦးအောင်သောင်းတို့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကြိုတင်သွားရောက်တဲ့ ခရီးစဉ်ပါ။ အခု ခရီးစဉ်ကတော့ တိုင်းပြည်အတွင်း ပြောနေတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို သွားရောက်လေ့လာဖို့ပါ။ ဒီဖြစ်ထွန်းမှုတွေအပေါ်မှာ လေ့လာပြီး ရှေ့အနာဂတ် ဘယ်လို ဆွေးနွေးဆက်သွားကြမလဲဆိုတာ ပြန်စဉ်းစားဖို့ပါ။”

ဦးအောင်မင်းနဲ့ တွေ့ဆုံမှုအပေါ်မှာရော ဘယ်လိုသဘောရလဲ။

“ဦးအောင်မင်းနဲ့တွေ့ဆုံမှုအပေါ်မှာ ကျနော်အနေနဲ့ကတော့ ကျေနပ်ပါတယ်။ တိုးတက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ အချက် ၂ ချက်ပါ နှစ်ဦးနှစ်ဖက်ကြားထဲမှာ နိုင်ငံရေးတွေ့ဆုံမှု ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီချက်၊ ပြည်တွင်းလေ့လာရေးခရီးတင်ပြတာကို သဘောတူညီတဲ့အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုလို့ ပြောလို့ရပါတယ်။”

တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရင် နယ်မြေကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးတယ်။ မကဒတနဲ့ဆွေးနွေးတော့ရော။

“အပစ်အခတ်ရပ်စဲရေးကိစ္စ ကျနော်တို့ဘက်က မဆွေးနွေးဘူး။ ဒီအပေါ်မှာ သူတို့ဘက်ကလည်း မေးခွန်းထုတ်တာမရှိပါဘူး။ နယ်မြေမရှိတဲ့ ထူးခြားတဲ့ အဖွဲ့အစည်းလို့တော့ သူတို့ဘက်က သတ်မှတ်ပါတယ်။”

နိုင်ငံရေးအရ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖြစ်စဉ်ထဲမှာ ဘာတွေလုပ်လို့ရမလဲဆိုတဲ့ကိစ္စကျတော့ အဓိက ဘာတွေ ဆွေးနွေးဖြစ်လဲ။

“ကျနော်တို့ဘက်က ဆွေးနွေးတာတော့ ၂၄ နှစ်တာ ဖြတ်သန်းမှု ကျနော်တို့မှာ ရှိပါတယ်။ တိုင်းရင်းသားတွေနဲ့ တစုံတရာ ယုံကြည်မှုရှိတယ်။ ရှေ့မှာ တိုင်းပြည်အတွက် အရေးကြီးဆုံးက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အဲအတွက် ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ အဲအပေါ်မှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ကျနော်တို့ ပါဝင်ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေမှာ တိုင်းပြည်ရဲ့အကျိုးအတွက် ဆောင်ရွက်သွားဖို့ အဆင့်သင့်ရှိကြောင်းပြောပါတယ်။ အဓိက ကျနော်တို့လုပ်နိုင်တာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးပါ။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ တစုံတရာ သဘောတူညီမှုရှိတယ်။ ကျနော်တို့ ၀ိုင်းဝန်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ထင်ပါတယ်။”

တခြား ဒီနေ့တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသေးလဲ။

“အခုက ဒုတိယအကြိမ်တွေ့တာပေါ့။ နောက်ပိုင်းတွေ့ဆုံဖို့ တချို့လုပ်ငန်းလေးတွေကတော့ အသေးစိတ်ဆွေးနွေးဖို့ရှိပါတယ်။ အဲဒါအတွက် သူတို့နဲ့အတူပါလာတဲ့ myanmar peace center ရှိပါတယ်။ အဲကလူတွေနဲ့ ဆက်ပြီးတော့ လုပ်ငန်းအသေးစိတ် တချို့အသေးစိတ်လေးတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီလောက်ပါပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013