DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြန်ရုပ်သိမ်းမည်
DVB
·
May 24, 2019
မြိတ်မြို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြန်ရုပ်သိမ်းမည်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတဲ့ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အချိန်မီ အကောင်အထည် မဖော်နိုင်တဲ့အတွက် လုပ်ကိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းမယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။

မေလ ၂၃ ရက်က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

မြိတ်မြို့ကို လျှပ်စစ်မီးဖြန့်ဖြူးဖို့ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီးနောက် အခုနှစ် ဖေဖော်ဝါရီအတွင်းကနေ စပြီး လျှပ်စစ်မီး စတင်ဖြန့်ဖြူးခဲ့ပါတယ်။

အခုနှစ် မေလကနေစပြီး HFO လောင်စာအသုံးပြုကာ လျှပ်စစ်မီး တယူနစ်ကို ၂၆၀ ကျပ်နဲ့ ဖြန့်ဖြူးရမယ်လို့ အစိုးရဆီမှာ တင်ဒါအောင်မြင်ထားပေမယ့် လက်ရှိမှာ HFO လောင်စာ အသုံးမပြုနိုင်တာကြောင့် လျှပ်စစ်မီး တယူနစ်ကို ၃၈၀ ကျပ်နဲ့ ကောက်ခံနေတာပါ။

အဲဒီလို တင်ဒါအောင်မြင်ထားတဲ့ ဈေးနှုန်းနဲ့ လျှပ်စစ်မီး မဖြန့်ဖြူးတဲ့အပြင် လျှပ်စစ်မီး ယူနစ်တွေ အရင်ကထက် ပိုမိုတက်နေတာ၊ မီးမကြာခဏ ပြတ်တောက်မှု ဖြစ်ပေါ်နေတဲ့ အပေါ်မှာလည်း ဒေသခံတွေရဲ့ဝေဖန်မှုကို ခံနေရပါတယ်။

အစိုးရအဖွဲ့အနေနဲ့ မကြာခင်ကာလအတွင်း တင်ဒါပြန်လည်ခေါ်ယူဖို့ ဆောင်ရွက်နေပြီး တင်ဒါပြန်လည်မခေါ်ယူမီ ကာလအတွင်း ရွေးချယ်စရာ မရှိတာကြောင့် လက်ရှိ မီးဖြန့်ဖြူးနေတဲ့ ကုမ္ပဏီကိုသာ ဆက်လုပ်ကိုင်ခွင့်ပြုထားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

သတင်း - အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013