DVB Logo
Home
မြန်မာသတင်း
ဦးသောဘိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တပ်မတော်က ထပ်မံ ဦးတိုက်လျှောက်
DVB
·
May 23, 2019
ဦးသောဘိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တပ်မတော်က ထပ်မံ ဦးတိုက်လျှောက်
1 / 10
Donate to DVB

မန္တလေးမြို့ အမရပူရမြို့နယ်က  ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က အမရပူရမြို့နယ်တရားရုံးမှာ ထပ်မံ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။

တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားတယ်လို့ စွပ်စွဲခံရပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို မေလ ၂၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က ထပ်မံပြီး  ဦးတိုက်လျှောက်ထားခဲ့တာပါ။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က “တပ်မတော်သားအားလုံးကို သူခိုး၊ ဓားပြ သူပုန်တွေပဲဆိုတော့ တပ်မတော်သားတွေက နိုင်ငံ့ဝန်ထမ်းတွေပါ။ အဲ့ဒီအခါကျတော့ နိုင်ငံတော်အစိုးရကိုလည်း စော်ကားသလိုဖြစ်နေတာပေါ့။ ပုဒ်မကတော့ ကိုယ်တို့အလုပ်မဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်နဲ့ ဦးတိုက်လျှောက်လိုက်တယ်။ တရားသူကြီးက ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်တယ်” လို့ ပြောပါတယ်

အခုလို အမှုရင်ဆိုင်နေရာတာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးသောဘိတက“တပ်မတော်ကို ဝေဖန်တယ်ဆိုတာကလည်းအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၅၄ (က) အရ ဒီနိုင်ငံသားတယောက်ရဲ့ ပြောဆိုခွင့်တွေကို ပြောဆိုနေတဲ့ တိုင်းသူပြည်သားတွေကို တပ်မတော်က တရားစွဲဆိုတာဟာ တပ်မတော်အတွက် အလွန်အင်မတန် ရှက်စရာကောင်းတဲ့ အရာဖြစ်တယ်ဆိုတာ တပ်မတော်က ခေါင်းဆောင်တွေ သိစေချင်တယ်” လို့ မိန့်ကြားပါတယ်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က “စေတနာတွေ မှန်ကန်ဖို့လိုပါတယ်” ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးတင်ခဲ့တာပါ။

ဒါကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒီနောက် အာမခံရရှိပြီးနောက် အပြင်ကနေ အမှု ရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013