DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေ
DVB
·
November 9, 2012
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၂ ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

[caption id="attachment_11302" align="alignleft" width="300" caption="မယ်လဒုက္ခသည်စခန်း​ (ဓာတ်ပုံ ရိုက်တာ)"][/caption]

အသက် ၂၉ နှစ်အရွယ်ရှိတဲ့  သန်းထွန်းလေးနဲ့ စောကညော အသက် ၃၃  နှစ်တို့ဟာ နိုဝင်ဘာလ ၇ ရက်နေ့ မနက်က စခန်းအပြင်ဘက်မှာ ပြောင်းဖူးသွားချိုးရင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ စခန်းလုံခြုံရေးမှူး စောအားမူက ပြောပါတယ်။

“နိုဝင်ဘာ ၇ ရက်နေ့မှာ ပြောင်းဖူးသွားချိုးကြတယ်လို့ သူတို့မိသားစုဝင်တွေက ပြောတယ်။ သွားချိုးတဲ့နေရာက သစ်သူခိုးတွေ ကျက်စားတဲ့နေရာ ဘယ်လိုဖြစ်လဲတော့ မသိရဘူး။ အလောင်းပဲတွေ့ရတယ်။ ကြည့်ရတာတော့ ပြေးရင်းလွှားရင်းနဲ့မှ ဒဏ်ရာနဲ့ သေသွားတာဖြစ်မယ်။”

စခန်းအနောက်ဘက် ၂ မိုင်အကွာက သစ်ခိုးထုတ်တဲ့နေရာနားမှာ သေနတ်ဒဏ်ရာနဲ့ တချက်စီ သေဆုံးနေတဲ့ သူတို့ ၂ ဦး အလောင်းကို  ၈ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ရွာသားတွေက တွေ့ပြီး အကြောင်းကြားခဲ့တဲ့အတွက် စခန်းတာဝန်ရှိသူတွေက အလောင်းကို သွားသယ်ခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိ ဆရာဝန်နဲ့ ရဲတွေက လာရောက်စစ်ဆေးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ သူတို့ ၂ ဦးရဲ့ အလောင်းကို ဒီနေ့ ညနေပိုင်းမှာပဲ မြှုပ်နှံခဲ့တယ်လို့ စခန်းလုံခြုံရေးမှူးက ပြောပါတယ်။

မယ်လစခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေဟာ စခန်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့်မရှိဘူးလို့ စခန်းဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“ကျနော်တို့ စခန်းရဲ့ တည်ဆဲ စည်းမျဉ်းစည်းကမ်းတွေအရ အပြင်ခိုးထွက်လို့ မရပါဘူး။ တရားမ၀င် အပြင်ခိုးထွက်တယ်၊ ညအိပ်အထိပါထွက်တော့ စခန်းဥပဒေ မလိုက်နာဘူး၊ ခိုးထွက်တယ်ဆိုတော့ တည်ဆဲစည်းမျဉ်းစည်းကမ်းဥပဒေတွေကို ပြန်ပြီး နှိုးဆော်တာတော့ ရှိတယ်။”

မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၁၉၉၀  နှစ်ကစပြီး ဒီကနေ့ထိ ရောက်လာတဲ့ စစ်ဘေးတိမ်းရှောင် ဒုက္ခသည်စုစုပေါင်း  ၄ သောင်းနဲ့ ၈ ထောင်ရှိတယ်လို့ စောထွန်းထွန်းက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013