DVB Logo
Home
မြန်မာသတင်း
ရထားတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် ၂၅ ဦး သေဆုံး၊ ၈၀ ခန့် ဒဏ်ရာရ
DVB
·
November 9, 2012
ရထားတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် ၂၅ ဦး သေဆုံး၊ ၈၀ ခန့် ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အပိုင် ချပ်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ- မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ ရထားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိသွားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံ ဒေါက်တာ လှိုင်မြင့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

“ရထားနံပါတ်က ချက်ကြီးဘူတာအ၀င် ပွိုင့် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။

ထိခိုက်သေဆုံး ဒဏ်ရာရမှုက ဘယ်လောက်ရှိလဲ။

“ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ  ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချက်ကြီးရောက်နေတယ်။ မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။”

ဘယ်ဆေးရုံတွေမှာ ပို့ဆောင်ထားလဲ။

ကန့်ဘလူကုတင် ၁၀၀ ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချက်ကြီးမှာ ၂ ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ ၀ိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ အဲ ချက်ကြီးဘူတာအ၀င် ပွိုင့်မှာပေါ့ တောင်ဘက်ကလာတာ။

မီးငြိမ်းသွားပြီလား။

“မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။”

ဒေသခံတွေရဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဒေသခံတွေက ပျောက်တဲ့သူတွေ ရှာနေတယ်။ မနက်ကတည်းက သတင်းမရကြတော့ ကိုယ့်လူတွေထဲ သေသလား ရှင်သလားမသိ။ တချို့ ကန့်ဘလူသွားတဲ့ထဲမှာ ဒဏ်ရာရသူတွေနောက် လိုက်သွားကြတဲ့သူတွေလည်း ရှိတော့ မိဘတွေက သေသလားရှင်သလားမသိ စိတ်ပူနေတယ်။ နာမည်နဲ့အတိအကျ မရသေးဘူး။ ရွာထဲမှာ မနက်ခင်ကတည်းက ပျောက်တဲ့သူ စာရင်းတွေရနေပြီ။ ဘယ်သူဘယ်ဝါတော့ အတိအကျ စာရင်းမထွက်လာသေးဘူး။”

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013