DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့ ဟွာရှိန်အထည်ချူပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
May 23, 2019
သာယာဝတီမြို့ ဟွာရှိန်အထည်ချူပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂုမင်းမြောင်ကျေရွာအုပ်စုရှိဟွာရှိ အထည်ချူပ်စက်ရုံက အလုပ်သမား ၃၀၀၀ လောက်က  အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

မေ ၂၂ ရက် မွန်းလွဲ ၁  နာရီကျော်က စတင်ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြပေမယ့် ဒီနေ့အထိ ပြေလည်မှုမရရှိသေးဘူးလို့ စက်ရုံလုပ်သား ကိုရာဇာထွန်းက  ပြောပါတယ်။

“ကျနော်တို့ စက်ရုံမှာ သောက်သုံးရေ မသန့်ရှင်းဘူး၊ စက်ရုံကို နည်းနည်းနောက်ကျတာနဲ့ တနေ့စာ လုပ်အားခဖြတ်တယ်။ ကျန်းမာရေး မကောင်းရင်ခွင့်မပေးဘူး။ အခုကျနော်တို့အချက် ၂၀ တောင်းဆိုထားတယ်။ မနေ့က ခေါင်းဆောင် ၁၀ ယောက်ဝင်တွေ့တယ်။ ပြန်ထွက်လာတော့ ကျနော်တို့လိုချင်တဲ့ အချက်တွေမရလို့ အခုဆက်ပြီးတောင်းဆိုနေတာပါ” လို့ပြောပါတယ်။

စက်ရုံက အလုပ်ထုက်ခံထားရထားတဲ့ မလင်းလင်းက “ကျမ ၂၀ ရက်က သွေးပေါင်ကျပြီး အလုပ်ဆက်မလုပ်နိုင်လို့ ဆေးခန်းပြန်ပြခွင့်တောင်းတာကို မပေးဘူး။ မနေနိုင်လို့ ကိုယ်ဟာကို ပြန်လာခဲ့တယ်။ နောက်နေ့ချက်ချင်း အလုပ်ပြန်ဆင်းပါ။ မဆင်းရင် အလုပ်ဖြုတ်မယ်လို့ စူပါကပြောပြီး ခုအလုပ်ဆင်းခွင့်မရပါဘူး။ စက်ရုံထဲမှာ အလုပ်သမားတွေကို စူပါတွေက ဆဲဆိုတာတွေ၊ ကျန်းမာရေးမကောင်းလို့ ခွင့်မပေးတာတွေကို ပြင်စေချင်တယ်” လို့ပြောပါတယ်။

မေလ ၂၂ ရက်နေ့ ၁ နာရီကျော်က စတင်ပြီး အလုပ်သမား ၃၀၀၀ လောက် ဆန္ဒထုက်ဖော်တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပြီး စက်ရုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာတွင်လည်း အဆင်မပြေခဲ့ကြပါဘူး။

စက်ရုံအလုပ်သမားတွေက တနင်္ဂနွေပိတ်ရက်အားမဖြတ်ဖို့၊ တလလုံး ရက်မပျက်တဲ့ အလုပ်သမားကို ရက်မှန်ကြေးပေးဖို့၊ ကျန်းမာရေးအတွက် သောက်သုံးရေအား ရေသန့်စက်ထားပေးဖို့အပါအ၀င် အချက် ၃၀ ကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ အလုပ်သမားအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013