DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သားများ ဆန္ဒပြရန် ရန်ကုန်မှ နေပြည်တော် ခြေလျင်ချီတက်
DVB
·
November 9, 2012
မိုးထိမိုးမိ ရွှေလုပ်သားများ ဆန္ဒပြရန် ရန်ကုန်မှ နေပြည်တော် ခြေလျင်ချီတက်
Donate to DVB

ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့တဲ့ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက သူတို့ရဲ့ တောင်းဆိုချက်ကို တစုံတရာ အသိအမှတ် မပြုတာကြောင့် ရန်ကုန်ကနေ နေပြည်တော်ကို ခြေလျင်ခရီးနဲ့ မနေ့က စတင်ချီတက်ခဲ့ပါတယ်။

[caption id="attachment_32864" align="alignleft" width="300" caption="ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့ မနေ့က ဆန္ဒပြနေကြစဉ်"][/caption]

မနေ့ကစပြီး ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့ကနေ ရွှေလုပ်သား ၈၀ လောက်က စတင်ချီတက်ခဲ့တာဖြစ်ပြီး မနေ့ညက ထောက်ကြန့် စစ်သချိုင်းအနီးမှာ ညအိပ်ခဲ့တယ်လို့ ခြေလျင် ချီတက်ရာမှာ ပါဝင်ခဲ့တဲ့ မိုးထိမိုးမိက ရွှေလုပ်သား ကိုနိုင်ဝင်းက ပြောပါတယ်။

ဒီချီတက်လာတဲ့ အလုပ်သမား အဖွဲ့ထဲမှာ အမျိုးသမီး ၅ ဦးပါဝင်ပြီး နေပြည်တော်ကို ချီတက် ဆန္ဒပြရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကိုနိုင်ဝင်းက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့က ကုမ္ပဏီရဲ့ နိုင်ထက်စီးနင်းလုပ်တာကို ခံနေရတယ်လေ။ ကျနော်တို့ အလုပ်သမားနဲ့ လူ့အခွင့်အရေးကိုတောင်းဆိုတယ်။ ကုမ္ပဏီဘက်ကနေ တစုံတရာ လာရောက်တွေ့ဆုံညှိနှိုင်းတာတွေမရှိသလို၊ နိုင်ငံတော်အနေနဲ့ကလည်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေ ဖွဲ့စည်း တွေ့ဆုံဆွေးနွေးခြင်းမရှိတဲ့အတွက် နေပြည်တော်သွားမှာပါ။”

ရန်ကုန်က ထွက်ခွာလာတဲ့ အချိန် လုံခြုံရေး အရာရှိတချို့ရဲ့ တားမြစ် မေးမြန်းတာကို ခံရသေးတယ်လို့ သူက ပြောပါတယ်။

ဇွန်လက မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ သူတို့ရဲ့ နစ်နာချက်တွေကို တောင်းဆိုဖို့အတွက် နေပြည်တော်ကို ချီတက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွှေလုပ်သားတွေနဲ့ ကုမ္ပဏီတို့ ညှိနှိုင်းခဲ့ပြီးတော့ ရွှေလုပ်သားတွေရဲ့ တောင်းဆိုချက် ၆ ချက်ကို သဘောတူခဲ့ပါတယ်။

အင်း၊ အယ်တာတွေကို ယခင်အတိုင်း လုပ်ကိုင်ခွင့်ကို ၁ နှစ်၊ ဇုန်အသီးသီးရှိ ကျောက်ကြိတ်စက်တွေ ယခင်အတိုင်း ကြိတ်ခွဲခွင့်ပြုဖို့ကို ၁ နှစ်၊ ထုံးကြီးတောင် ဒေသရှိ ရွှေလိုက်သားတွေ အစုခွဲစားခွင့်ဖြင့် ယခင်အတိုင်း လုပ်ကိုင်ခွင့်ပြုဖို့ကတော့ ၈ လခွဲ သတ်မှတ်သဘောတူခဲ့သလို အင်း၊ အယ်တာတွေ နစ်နာကြေးတောင်းခံထားသူတွေနဲ့ လုပ်ငန်းရပ်ဆိုင်းထားတဲ့ အချိန်အတွင်းမှာ အသေးစား ရွှေလုပ်ငန်းရှင်တွေနဲ့ မှီခိုလုပ်သားတွေကို ၁ လအတွင်း နစ်နာကြေးပေးဖို့ သဘောတူညီခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ကုမ္ပဏီက သဘောတူညီချက်အတိုင်း လုပ်ကိုင်ပေးရာမှာ ခွဲခြားတာတွေ ရှိလာတဲ့အတွက် မိုးထိမိုးမိ အလုပ်သမားတွေဟာ ရန်ကုန်မှာ လာရောက် ဆန္ဒပြခဲ့ပြီး အခုတော့ နေပြည်တော်ကို ချီတက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013