DVB Logo
Home
မြန်မာသတင်း
အလယ်ကျွန်းရွာတွင် လက်နက်ကြီးကျပြီး သားအဖ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
May 23, 2019
အလယ်ကျွန်းရွာတွင် လက်နက်ကြီးကျပြီး သားအဖ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာမှာ မေလ ၂၁ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သားအဖ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလယ်ကျွန်းကျေးရွာလူကြီးတဦးက "လက်​နက်​ကြီးက အိမ်​​ပေါ်ကို တိုက်​ရိုက်​ကျတာပါ။ သားအဖနှစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ညီ​တော်​သူတယောက် ပြင်းထန်​စွာ ဒဏ်​ရာရပါတယ်​” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၃၈ နှစ်အရွယ် ချော်ဘီနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၈ နှစ်အရွယ် စေရာမန်တို့ဖြစ်ပြီး ဒဏ်ရာရသွားသူကတေ့ အသက် ၁၅ နှစ်အရွယ် မာမတ်အေဖာန် ဖြစ်ပါတယ်​။

လက်နက်ကြီးကျတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာ မဟုတ်တာကြောင့် ဘယ်အဖွဲ့က ပစ်ခတ်တာလဲ ဆိုတာကိုတော့ မသိဘူးလို့ ရွာသားတွေက ပြောပါတယ်။

အလယ်​​ကျွန်းရွာ တာဝန်​ခံ ဦးဝင်းလှထွန်းက "မေ ၂၁ ရက်​မှာ​တော့ အဆိုးဆုံးပါပဲ။ သားအဖနှစ်​ယောက်​​သေ၊ ညီဖြစ်​သူ ဒဏ်​ရာပြင်းထန်​လို့ စစ်​​တွေ​ကို ယူသွားတယ်​လို့ သိရပါတယ်​။ ဒီဖြစ်​စဉ်နဲ့ ​သေဆုံးမှုကို ရဲကို​တော့ အ​ကြောင်းကြားထားပါတယ်​။ ရဲကလာကြည့်လား မကြည့်လား မသိပါ။ အမှုဖွင့် မဖွင့်လည်း မသိပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကလည်း အလယ်ကျွန်းရွာမှာ လက်​နက်​ကြီးကျလို့ ရွာသား ၅ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်​ရာမပြင်းထန်​တဲ့အတွက်​ ရွာမှာပဲ ​ဆေးကုသမှု ခံယူနေရပါတယ်။

အဲဒီ အလယ်ကျွန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၂၅၀၀ ကျော်ရှိပါတယ်။

သတင်း - ​ကျော်​လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013