DVB Logo
Home
မြန်မာသတင်း
ဆယ်ကျော်သက် အဆိုတော် အက်စ်တာဒွေးရဲ့ အဆွေးသီချင်း “နေတတ်ပါတယ်” (ရုပ်သံ)
DVB
·
May 23, 2019
ဆယ်ကျော်သက် အဆိုတော် အက်စ်တာဒွေးရဲ့ အဆွေးသီချင်း “နေတတ်ပါတယ်” (ရုပ်သံ)
Donate to DVB

“တယောက်တည်းပါပဲ… ထားခဲ့လိုက်ပါ နေတတ်ပါတယ်… အရာရာ ဘာမှမပြည့် စုံတဲ့ ဗလာနတ္ထိဘ၀ကို မလာခဲ့နဲ့… နားလည်ပါတယ်… မင်းရှိတဲ့ဘက်မှာ ငါရပ်တည်မယ် (ငါချစ်လို့)… အရာရာ ငါ့ထက်သာတဲ့… အရာရာပြီးပြည့်စုံတဲ့ သူရှိဦးမယ်”

ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ထွက်ရှိခဲ့တဲ့ နေတတ်ပါတယ် အမည်ရ တဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး ထိရှလွယ်တဲ့ အလွမ်းအဆွေးစာသားတွေနဲ့ ပရိ သတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။

တေးရေး ရှိုင်းဝေယံက ရေးစပ်ပေးထားတဲ့ ဒီသီချင်းကို သီဆိုထားသူကတော့ ဆယ်ကျော်သက် အဆိုတော် ကောင်မလေး အက်စ်တာဒွေးဖြစ်ပြီး ငယ်ငယ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေကတဆင့် အနုပညာလောကထဲရောက်ရှိလာတဲ့ သူတယောက်ပါ။

“ကျေနပ်ပါတယ်… မင်းဆုံးဖြတ်ချက်ကို ငါလက်ခံတယ်(ငါချစ်လို့)… ဘာမှမဖြစ်ခဲ့ ကြသလိုပဲ… တခါမှ မသိခဲ့ကြသလို နေပေးမယ်… ၀င်မလာပါနဲ့… ပင်ပန်းမယ်… မလာ ချင်ပါနဲ့… ငိုရမယ်… နင်ဆိုတာ ငါ့အတွက် အရေးပါတယ်… နင်ဆိုတာ ငါ့အတွက် ဖြစ် တည်မှုလေးပဲ… အဆင်ပြေပါတယ်… နေတတ်တယ်… ၀န်ခံပါတယ်… တယောက်တည်းပဲ… ငါ့အတွက် ဘာမှစိတ်မပူနဲ့… နင်ဆိုတာ ငါ့အတွက် ဖြစ်တည်မှုလေးပဲ… နေ တတ်ပါတယ်”

အက်စ်တာဒွေးဟာ Starlets' Sky ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင် သီ ချင်းဆိုပြိုင်ပွဲကတဆင့် ပရိသတ်တွေကြား အားပေးချစ်ခင်မှုရရှိခဲ့သူဖြစ်ပြီး ကလေးအ ရွယ်နဲ့မလိုက်အောင် အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ အတွင်းကြေ၊ လက်ကလေးတွဲထား အစရှိတဲ့ သီချင်းတွေဟာ သူ့ရဲ့ ဂီတမှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

သိပ်မကြာသေးခင်ကတော့ The Best Of Melody World တေးသံရှင် လာဒင့် ထားရီနဲ့ ၂ ယောက်တွဲ Cover Song တပုဒ်အနေနဲ့ သီဆိုခဲ့တဲ့ ပျော်နေပါ သီချင်းဟာ လည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပရိသတ်အားပေးမှု ရရှိထားတာ ဖြစ်ပါတယ်။

ခုထွက်ရှိလာခဲ့တဲ့ သီချင်းထဲမှာတော့ ခက်ခဲတဲ့ ဘ၀ထဲကို ၀င်မလာစေချင်ပဲ၊ ချစ် သူအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ တယောက်တည်း နေတတ်အောင်ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခပ်ဆွေးဆွေး သံစဉ်စာသားတွေနဲ့ ခံစားနားဆင်ကြရမှာပါ။

လွမ်းဆွေးတဲ့ ခံစားချက်နဲ့ သူကိုယ်တိုင်သီဆိုသရုပ်ဆောင်ထားခဲ့တဲ့  ဒီသီချင်း ကိုတော့ Traingle Band ရဲ့ တီးခတ်မှုနဲ့အတူ ဒါရိုက်တာ ကျော်ဖုန်းခန့်က ရိုက်ကူးပုံ ဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

နားလည်ပါတယ်… မင်းရှိတဲ့ဘက်မှာ ငါရပ်တည်မယ် (ငါချစ်လို့)… အရာရာ ငါ့ထက်သာတဲ့… အရာရာပြီးပြည့်စုံတဲ့ သူရှိဦးမယ်… ကျေနပ်ပါတယ်… မင်းဆုံးဖြတ်ချက် ကို ငါလက်ခံတယ်(ငါချစ်လို့)… ဘာမှမဖြစ်ခဲ့ ကြသလိုပဲ… တခါမှ မသိခဲ့ကြသလို နေပေး မယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013