DVB Logo
Home
မြန်မာသတင်း
အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်မှန်ကန်ကန်ပြုစုရန် ၀န်ကြီးပြော
DVB
·
May 23, 2019
အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်မှန်ကန်ကန်ပြုစုရန် ၀န်ကြီးပြော
Donate to DVB

နိုင်ငံသားတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့၊ မဲစာရင်းတွေ မှန်ကန်တိကျဖို့ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကို လက်ရှိအခြေအနေနဲ့ မှန်ကန်ကိုက်ညီအောင် ပြုစုထားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ဝန်ကြီးရုံးမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်နဲ့ မြို့နယ်တွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းတွေနဲ့ တွေ့ဆုံပြောကြားခဲ့တာပါ။

“ပထမအချက်ကတော့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ၊ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့က မဲစာရင်းပြုစုရာမှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေနဲ့အတူ ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေအနေနဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့၊ မဲစာရင်းတွေ မှန်ကန်တိကျဖို့ လိုအပ်မှာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုဝန်ထမ်းတွေ အနေနဲ့ အသက် ၁၈ နှစ်နဲ့ အထက်ရှိ လူဦးရေစာရင်းတွေ၊ အိမ်ထောင်စု စာရင်းတွေကို လက်ရှိအခြေအနေနဲ့ မှန်ကန်ကိုက်ညီအောင် ပြုစုထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါမှသာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ မဲစာရင်းတွေ ကြိုတင် ပြုစုဖို့လိုအပ်လာတဲ့အခါမှာ ထွေ/အုပ်ဝန်ထမ်းတွေ ပြုစုထားတဲ့စာရင်းတွေကို အခြေခံပြီးတော့ မှန်ကန်ပြည့်စုံတဲ့မဲစာရင်းကို ပြုစုနိုင်မယ်” လို့ ပြောပါတယ်။

ဒုတိယအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာ ထွေအုပ်ဦးစီးဌာနကိုပဲ အဓိက တာဝန်ပေး ထားတယ်လို့ ပြောပါတယ်။

ဒါကြောင့် ထွေအုပ်ဝန်ထမ်းတွေအနေနဲ့ ဌာနရဲ့ မူလလုပ်ငန်း တာဝန်တွေအပြင် နိုင်ငံတော်နဲ့ မြေ/စစ်ဗဟိုကော်မတီက ပေးအပ်လာတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ချမှတ်ထားတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးသွားရမယ်လို့ ပြောပါတယ်။

ဝန်ကြီးက “အခုဆိုရင် ထွေအုပ်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်ကို ပြောင်းရွှေ့ ဖွဲ့စည်းခဲ့တာ ၄ လကျော်ရှိနေပြီဖြစ်ပြီး ပထမ ၃ လမှာ အသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့တာပြီး ဒုတိယ ၃ လတာကာလမှာ ဆောင်ရွက်မယ့် အနှစ်သာရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုလည်း နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တင်ပြလမ်းညွှန်မှု ခံထားပြီ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013