DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း လေပြင်းတိုက်ခတ်၍ လူ ၇ ဦး သေဆုံး၊ အိမ်ထောင်စု ၁၃၀၀၀ ကျော် လေဘေးသင့်
DVB
·
May 23, 2019
နိုင်ငံတ၀န်း လေပြင်းတိုက်ခတ်၍ လူ ၇ ဦး သေဆုံး၊ အိမ်ထောင်စု ၁၃၀၀၀ ကျော် လေဘေးသင့်
Donate to DVB

မြန်မာနိုင်ငံတ၀န်း ပြည်နယ်နှင့်တိုင်းဒေသကြီး  ၁၃ ခုမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၇ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၃,၀၀၀ ကျော် လေးဘေးဒဏ် ခံစားခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလကနေ မေ ၁၇ ရက်အထိ ရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “အိမ်တွေ ပြိုတာကျတော့ ၇၀၀ ကျော်ရှိတယ်။ တစိတ်တပိုင်း ပျက်တာကျတော့ ၁၃၀၀၀ ကျော်ရှိတယ်။ အိမ်ထောင်စုအနေနဲ့ ၁၃၈၀၀ ကျော်ရှိတယ်။ သေတာက သစ်ပင်ပိပြီး သေတာများတယ်။” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ အခုနှစ်မေလ ၁၀ရက်အတွင်း မိုးကြိုးပစ်လို့ လူ ၃၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

လေဘေးသင့်သူတွေအတွက် လူမှုဝန်ထမ်းဦးစီးဌာနက အိမ်ဆောက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေတယ်လို့လည်းဆိုပါတယ်။

ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ လေပြင်းဒဏ် အပြင်းအထန်ခံစားခဲ့ရပြီး မိုးကြိုးပစ်လို့ သေဆုံးမှုကတော့ ဧရာဝတီတိုင်းထဲမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

နေပြည်တော်၊ မကွေး၊ ရှမ်း၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ မန္တလေး၊ ကယား၊ ကချင်၊ ရန်ကုန်စတဲ့ ပြည်နယ်တိုင်းအသီးသီးမှာ ဧပြီနဲ့ မေလအတွင်း  ရုတ်တရက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။

မုတ်သုန်လေ၀င်ရောက်ခါစ အခုလို မိုးဦးကာလမှာ ရုတ်တရက်လေပြင်းတိုက်ခတ်တာ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး မိုးကြိုးပစ်တာ၊  မိုးကြီးပြီး လေတိုက်ခတ်တာစတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013