DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
May 23, 2019
ဒေါ်အောင်ဆန်းကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Teodoro L. Locsin, Jr. အား မေ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့တာလို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မေ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာ-ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲရေး၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ဓာတုပစ္စည်းတွေ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုနဲ့ အလွဲသုံးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံပြည်သူချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013