DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေးဒုဝန်ကြီး ရန်ကုန်လေဆိပ်လုံခြုံရေး စစ်ဆေး
DVB
·
May 23, 2019
ပြည်ထဲရေးဒုဝန်ကြီး ရန်ကုန်လေဆိပ်လုံခြုံရေး စစ်ဆေး
Donate to DVB

ပြည်ထဲရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို လိုက်လံစစ်ဆေးခဲ့ပြီး လုံခြုံရေး မကျိုးပေါက်အောင် ဆောက်ရွက်ကြဖို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးဆောင်ရွက်နေမှုနဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုတွေကို လိုက်လံ စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေ၊ လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ လေဆိပ်တာဝန်ရှိသူများ၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ Yangon Areodrome Co.,Lid .မှ တာဝန်ရှိသူတွေက လိုက်လံရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဒုတိယဝန်ကြီးက လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး၊ ခရီးသည်တွေ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လေဆိပ် ဝန်ဆောင်မှုကုမ္ပဏီတို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013