DVB Logo
Home
မြန်မာသတင်း
ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်များတွင် ထည့်သွင်းရန် စီစဉ်နေ
DVB
·
May 22, 2019
ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်များတွင် ထည့်သွင်းရန် စီစဉ်နေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တခြားမြို့နယ်တွေအတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဆိပ်ကမ်းမြို့နယ်ထဲက ဗိုလ်အောင်ကျော်လမ်းကနေ ဗိုလ်တထောင်ဘုရားအထိကိုတော့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဗိုလ်တထောင်မြို့နယ်ထဲမှာ ထည့်သွင်းသွားဖို့ စီစဉ်နေပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကိုတော့ ကျောက်တံတားနဲ့ လသာမြို့နယ်အတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ ဗိုလ်တထောင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ စည်ပင်ရွေးကောက်ပွဲ ရလဒ်တွေအရ ဆိပ်ကမ်းမြို့နယ်မှာ လက်ရှိအာဏာရ အန်အယ်လ်ဒီပါတီထက် ကြံ့ခိုင်ရေးပါတီက ပိုမို အားပေးထောက်ခံမှု ရပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ဒီအချက်တွေအရ လူဦးရေနည်းပါးတဲ့ ဆိပ်ကမ်းမြို့နယ်ကို တခြားမြို့နယ်တွေအတွင်းမှာ ထည့်သွင်းဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ အစိုးရအနေနဲ့ တရားဝင် သတင်းထုတ်ပြန်တာ မလုပ်သေးတဲ့အတွက် မှတ်ချက်ပေးလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013