DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ နေအိမ်နှင့် ဂိုဒေါင်များ အမိုးလန်ပျက်စီး
DVB
·
May 22, 2019
ဝမ်းတွင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ နေအိမ်နှင့် ဂိုဒေါင်များ အမိုးလန်ပျက်စီး
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မနေ့ညနေက မိုးနဲ့အတူ လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၂၄ လုံးနဲ့ စိုက်ပျိုးရေးဌာနပိုင် ဂိုဒေါင် ၁ လုံး အမိုးလန် ပျက်စီးသွားပါတယ်။

မြို့နယ်အုပ်ချုပ်ရေးရုံးက ရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက "မိုးသက်လေပြင်းကြောင့် လူနေအိမ် ၂၄ လုံးနဲ့ စိုက်ကွင်းဂိုဒေါင် ၁ လုံး အမိုးလန် ပျက်စီးတယ်။ ခရိုင်လူကယ်ပြန်ဌာနက အဲဒီ အမိုးလန်ပျက်စီးတဲ့ အိမ်တွေကို အခုပဲ ထောက်ပံ့ပစ္စည်းတွေ လာပေးနေပါတယ်" လို့ ပြောပါတယ်။

လေပြင်းတွေကြောင့် ညောင်ပင်ရွာမှာ လူနေအိမ် ၁၇ လုံးနဲ့ အုန္နဲစိုက်ကွင်းက လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

ညောင်ပင်ရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးလှိုင်ဝင်းက "လူနေအိမ် ၁၇ လုံးလောက် အမိုးလန် ပျက်စီးသွားတယ်။ မိုးနဲ့အတူပါလာတဲ့ လေပြင်းတိုက်တာပါ။ မိုးက ခဏပဲရွာတယ်။ ဆက်မရွာတော့ အဲဒီအိမ်တွေမှာ မိသားစုတွေ ပြန်နေကြတယ်" လို့ ပြောပါတယ်။

အုန္နဲစိုက်ကွင်းနေ တောင်သူ ဦးကြီးညိုက "မိုးရွာတာကိုတော့ ဝမ်းသာတယ်။ လေပြင်းတိုက်လိုက်တော့ အိမ်တွေပျက်ကုန်တယ်။ စိုက်ကွင်းထဲက အိမ်တွေကတော့ အမိုးတွေ လန်ကုန်တယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းဒေသမှာ မုတ်သုံရာသီဝင်တဲ့ မေလဆန်းတိုင်းမှာ သဘာဝဘေး ဖြစ်ပေါ်လေ့ရှိပြီး ဒီနှစ်မှာတော့ မုတ်သုံရာသီအဝင် နောက်ကျလို့ မေလ နောက်ဆုံးပတ်မှာ ဖြစ်ပေါ်ခဲ့တာပါ။

ညောင်ပင်အုပ်စုမှာ အိမ်ခြေ ၂၅၀ ကျော်၊ ဆူးပန်းအုပ်စုမှာ အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး အုန္နဲစိုက်ကွင်းမှာ အိမ်ခြေ ၇၀ လောက်ရှိကာ တမြို့နယ်လုံးမှာ ကျေးရွာပေါင်း ၂၁၈ ရွာ ရှိပါတယ်။

သတင်း - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013