DVB Logo
Home
မြန်မာသတင်း
တရားမဝင်ကုန်စည် ကျပ် ၉ ဘီလီယံကျော်ဖိုး ဖမ်းမိ
DVB
·
May 22, 2019
တရားမဝင်ကုန်စည် ကျပ် ၉ ဘီလီယံကျော်ဖိုး ဖမ်းမိ
Donate to DVB

တရားမဝင်ကုန်ပစ္စည်းတွေကို အထူးအဖွဲ့ဖွဲ့ပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလအထိ တန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ဒီကနေ့ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“နယ်စပ်ဒေသတွေက တရားမဝင်ကုန်ပစ္စည်းတွေ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်လို့ တရားမဝင် ကုန်ပစ္စည်းတွေကို တားဆီးထိန်းချုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ တရားမဝင် ကုန်ပစ္စည်းတွေ တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု ၅၁၂ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။”

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလ ၃ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခွဲလောက်အထိ ရှိခဲ့ပြီး အရင်နှစ် ကာလတူအချိန်ကထက် အမေရိကန်ဒေါ်လာ ဝ ဒသမ ၅၂၃ ဘီလီယံ ပိုမိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီပမာဏမှာ ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ပါဝင်တဲ့အတွက် ၈၄ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး ဒုသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပုံမှန်တွေ့ဆုံခဲ့တာဖြစ်ပြီး အခုတွေ့ဆုံပွဲဟာ ၂၇ ကြိမ်မြောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013