DVB Logo
Home
မြန်မာသတင်း
တပ်မတော်သတင်းမှန်ကန်ပြီး ပြန်ကြားရေးသတင်း မမှန်ဟု ဝန်ကြီး ဒေါက်တာဖေမြင့် ဝန်ခံ
DVB
·
May 22, 2019
တပ်မတော်သတင်းမှန်ကန်ပြီး ပြန်ကြားရေးသတင်း မမှန်ဟု ဝန်ကြီး ဒေါက်တာဖေမြင့် ဝန်ခံ
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးနေစဉ် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် မှန်ကန်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မေလ ၂၁ ရက်က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ နိုင်ငံတော်အစိုးရရဲ့ တတိယ တနှစ်တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာပါ။

ဝန်ကြီး ဒေါက်တာဖေမြင့်က “အဲ့နေ့က ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်တယ်ဆိုပြီး ပြောဆိုခဲ့တယ်ပေါ့နော်။ အဲ့တော့ တပ်မတော်ဘက်ကနေလည်း သတင်းပြန်ပြီး ထုတ်ပြန်တယ်။ အဲ့တော့ သူတို့ထုတ်ပြန်တာ မှန်ပါတယ်။ ကျနော်တို့ဘက်ကနေ စောစောကထွက်တဲ့သတင်း မမှန်ပါဘူး။ မမှန်ကန်တဲ့ အချက်အလက်ပေါ် အခြေခံပြီးတော့ မမှန်မကန် သတင်းဖြစ်ရတာလဲ ဆိုပြီးတော့ သက်ဆိုင်တဲ့သူတွေကို အရေးယူတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို တပ်မတော်သားဘက်က ဆွေးနွေးနေစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်း ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြတ်တောက်ခဲ့တဲ့အပေါ် လွှတ်တော်ရဲ့ ဖိုက်ဘာလိုင်း ကျတဲ့ခဲ့တဲ့အတွက် ဂြိုဟ်တုကနေ ပြောင်းလဲထုတ်လွှင့်ခဲ့ရတယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီနေ့မှာ ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝမရှိခဲ့တာကြောင့် ဖိုက်ဘာလိုင်းနဲ့ မသက်ဆိုင်ဘူးလို့ သတင်းထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုပြီး ဘယ်သူတွေကို အရေးယူထားတယ် ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

“အရေးယူမှုတွေလုပ်နေတာ တစိတ်တပိုင်း ပြီးနေပါပြီ။ နောက်ဆက်တွဲကိစ္စတွေ အတွက်ကြောင့် ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒါလေးတွေ ဒီနေရာမှာ ပြောလို့ရတာက သက်ဆိုင်တဲ့ တာဝန်ရှိတဲ့နေရာက အရာရှိတချို့လည်း ပါဝင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပုဂ္ဂိုလ်တွေကို အရေးယူ ဆောင်ရွက်ရလို့ရှိရင် ဖုံးထားလို့မရပါဘူး။ အသိပေးရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရှိရင် ကျနော် ပွင့်လင်းမြင်သာ ထုတ်ဖော်ပြောဆိုသွားမှာပါ” လို့ ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်မှာ ဆွေးနွေးနေချိန် တိုက်ရိုက်ထုတ်လွှင့်မှုဟာ ၅ မိနစ်ခန့် ပြတ်တောက်ခဲ့ပြီး ပြတ်တောက်ချိန်အတွင်းမှာပဲ ရုပ်သံလိုင်းမှာ တေးသီချင်းတွေကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013