DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတအောင်ဆောင်ရွက်ရန် သမ္မတ တိုက်တွန်း
DVB
·
May 22, 2019
၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတအောင်ဆောင်ရွက်ရန် သမ္မတ တိုက်တွန်း
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။

မေ ၂၁ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမမှာ သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ သမ္မတက ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို စနစ်တကျဖွဲ့စည်းဖို့၊ မဲရုံမှူးတွေနဲ့ အဖွဲ့ဝင်တွေကို မှန်မှန်ကန်ကန် တာဝန်ပေးဖို့ လမ်းညွှန်မှာကြားပါတယ်။

ဒါ့အပြင် မဲရုံတွေရဲ့ လုံခြုံရေး အပြည့်အ၀ရှိစေဖို့နဲ့ မဲဆန္ဒနယ်မြေတွေ သတ်မှတ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် အပြည့်အဝရရှိစေဖို့လည်း မှာပါတယ်။

အလားတူ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေဖို့၊ မဲစာရင်းတွေပြုစုရာမှာ တိကျမှုရှိစေဖို့၊ ကြိုတင်ဆန္ဒမဲတွေ မှန်ကန်စေဖို့၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ မဖြစ်ပေါ်စေဖို့၊ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ဖို့  လမ်းညွှန်မှာကြားတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံပွဲကို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013