DVB Logo
Home
မြန်မာသတင်း
Myanmar Hoa Yaung အထည်ချုပ်စက်ရုံ လုပ်သားများ အလုပ်ရှင်နှင့် ပြေလည်မှုရရှိ
DVB
·
May 22, 2019
Myanmar Hoa Yaung အထည်ချုပ်စက်ရုံ လုပ်သားများ အလုပ်ရှင်နှင့် ပြေလည်မှုရရှိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Myanmar Hoa Yaung အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ဖြစ်ပွားခဲ့တဲ့ လုပ်ခလစာ  အငြင်းပွားမှုဟာ မနေ့ညက ပြေလည်မှုရရှိခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင် မအေးမြမြသင်းက ပြောပါတယ်။

နိုင်ငံခြားသားပိုင် Myanmar Hoa Yaung အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၂၀၀ လောက်ဟာ အလုပ်ရှင်ဘက်က အထည်ကြေးဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ညှိနှိုင်းဖြေရှင်းပေးဖို့ မေ ၂ဝ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ လာရောက် တောင်းဆိုခဲ့ကြပါတယ်။

မေလ ၂၁ ရက်နေ့တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အလုပ်သမားကိုယ်စားလှယ် ၅ ဦးနဲ့ အလုပ်ရှင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ ည ၇ နာရီမှာ ပြေလည်မှုရရှိခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013