DVB Logo
Home
မြန်မာသတင်း
ရဲဘက်စခန်းက အကျဉ်းသားများ၏ လုပ်အားခတိုးပေးရန် အစီအစဉ်မရှိ
DVB
·
May 22, 2019
ရဲဘက်စခန်းက အကျဉ်းသားများ၏ လုပ်အားခတိုးပေးရန် အစီအစဉ်မရှိ
Donate to DVB

ရဲဘက်စခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေရဲ့ တရက်လုပ်အားခနှုန်းထားကို တိုးမြှင့်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးဗိုလ်ချုပ်အောင်သူက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရပြီး ကုန်ထုတ်စခန်း (ရဲဘက်စခန်း)တွေမှာ လုပ်ကိုင်နေရတဲ့ အကျဉ်းသားတွေရဲ့ တရက်လုပ်အားခနှုန်းကို ကျပ်၂၀၀ ကနေ ပြင်ပတရက်လုပ်အားခ ကျပ် ၄၈၀၀ ရဲ့သုံးပုံတပုံခန့်သို့ တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ မနေ့က လွှတ်တော်မှာ မေးမြန်းချက်ကို ပြည်ထဲရေး ဒုဝန်ကြီးက ပြန်လည်ဖြေဆိုတာပါ။

ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက "အကျဉ်းသားကုန်ထုတ်လုပ်ငန်းတွေရဲ့ တနှစ်ပျမ်းမျှ အမြတ်ဝင်ငွေ ကျပ် ၁၄၆၄ ဒသမ ၂၉၈ သန်းသာရှိပြီး အကျဉ်းသား လုပ်အားငွေထုတ်ပေးပြီးရင် ကျပ် ၃၃၉ ဒသမ ၂၉၈၇ သန်းပဲ ကျန်မှာဖြစ်ပါတယ်။ တရက် အလုပ်ဆင်းခ ကျပ် ၁၀၀၀ နှုန်းနဲ့တွက်ရင် ကျပ် ၄၅၀၀ သန်း၊ တရက် ၁၅၀၀ ကျပ်နှုန်းနဲ့တွက်ရင် ကျပ် ၆၇၅၀ သန်း ကုန်ကျမှာဖြစ်လို့ လုပ်အားခ တိုးမြှင့်ပေးဖို့ အခက်အခဲရှိပါတယ်။ နိုင်ငံတော်ဘက်ဂျက်ကနေ နှုန်းထားတရပ်သတ်မှတ်ပြီး တိုးမြှင့်ပေးမယ်ဆိုရင်လည်း ရန်ပုံငွေများစွာလိုအပ်မှာဖြစ်ပါတယ် " လို့ ပြောတယ်။

အကျဉ်းသားရဲဘက်တွေ လွတ်မြောက်တဲ့အခါ လုပ်အားခဆုငွေအဖြစ် အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ကုန်ထုတ်လုပ်ရေး ရန်ပုံငွေကနေ ၂၀၀၇ ခုနှစ် ဇူလိုင်လကစပြီး တဦးကို တရက် ကျပ် ၅၀ နှုန်းနဲ့ စတင်ထုတ်ပေးခဲ့တာပါ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာတော့ တဦးကို ကျပ် ၁၀၀နှုန်း၊ ၂၀၁၄ ခုနှစ် ဧပြီမှာ ကျပ်၂၀၀ နှုန်းပေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြံပြုချက်နဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျပ် ၂၅၀ နှုန်း အသီးသီး တိုးပေးခဲ့တယ်လို့ သိရတယ်။

လက်ရှိ တိုးမြှင့်ပေးထားတဲ့ တရက် ကျပ် ၂၅၀ နှုန်းဟာ သင့်တင့်တဲ့ လုပ်အားခနှုန်းဖြစ်လို့ ပြင်ပလုပ်ခ တရက် ၄၈၀၀ ကျပ်နှုန်းရဲ့ သုံးပုံတစ်ပုံခန့်ထိ တိုးပေးဖို့ အစီအစဉ် မရှိ သေးကြောင်းနဲ့ ဒီလို အကျဉ်းသားတွေရဲ့ လုပ်အားခထုတ်ပေးတာကို နိုင်ငံတော်က ချမှတ်ပေးထားတဲ့ မူဝါဒ လမ်းညွန်ချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်စခန်းတွေက အကျဉ်းသားတွေ လုပ်အားဆုငွေကို တွက်ချက်တာမှာ ပျမ်းမျှအားဖြင့် အလုပ်ဆင်းဦးရေ ၁၅၀၀၀ ရှိပြီး တလအလုပ်ဆင်းရက် ပျမ်းမျှ ၂၅ ရက်၊ တရက်ကျပ် ၂၅၀ နှုန်းနဲ့ ထုတ်ပေးရတဲ့အတွက် တလလုပ်အားခမှာ ကျပ် ၉၃ ဒသမ ၇၅၀ သန်းရှိပြီး တနှစ်စာတွက်ရင် ကျပ် ၁၁၂၅ သန်း ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013